ဆီးရီးယား ပဋိပက္ခဖြစ်မှု အပေါ် မတိုးသာ မဆုတ်သာ ဖြစ်နေသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် အယ်လက်ပိုမြို့နှင့် ဒမတ်စကတ်မြို့များရှိ ပြည်သူများအပေါ် သံချပ်ကာ ကားများ၊ အမြောက်များ၊ ရဟတ်ယာဉ်များနှင့် စစ်လေယာဉ် များဖြင့် တိုက်ခိုက်မှုအတွက် ဆီးရီးယားနိုင်ငံကို စွပ်စွဲချက်ရှုတ်ချရန်နှင့် ဘာဆက်အစိုးရသည် သိုလှောင်ထားသော ဓာတုနှင့် ဇီဝလက်နက်များကို ကြပ်ကြပ်မတ်မတ်ထိန်းသိမ်းထားရေး တောင်းဆိုရန် အထွေထွေ ညီလာခံကိုသော ကြာနေ့တွင် ပြင်ဆင်ခဲ့သည်။
ကိုဖီအာနန်၏ ငြိမ်းချမ်းရေး တင်ပြချက်များ ရှုံးနိမ့်ပျက်ပြားခဲ့
ပြီးနောက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလ-အာရပ်အဖွဲ့ချုပ် ပူးတွဲသံ တမန်အဖြစ်
ကြာသပတေးနေ့တွင် ယခင်ကုလသမဂ္ဂအကြီးအကဲဖြစ်သူ ကိုဖီအာနန်နုတ်ထွက်ခြင်းက
အဆိုပါ ညီလာခံကို လွှမ်းမိုးခဲ့ သည်။ သမ္မတ ဘာရှားအာဆက် နုတ်ထွက်ပေးရန်
တောင်းဆိုမှုနှင့် ပြည်တွင်းစစ်ပြီးဆုံးရေး ဆီးရီးယားနိုင်ငံအပေါ် အရေးယူ
ပိတ်ဆို့မှုများ ချထားရန် အခြားနိုင်ငံများကို ဖိတ် ခေါ်မှုဟူသည့်
အဓိကပြဋ္ဌာန်းချက် နှစ်ရပ်ပါသည့် မူကြမ်းတစ်စောင် ကို အာရပ်ကမကထပြုသူများက
လက်ခံလိုက်ပြီးနောက် အဖွဲ့ဝင်၁၉၃ ဦးပါသော အထွေထွေညီလာ ခံတွင်
အလွယ်တကူပြဋ္ဌာန်းနိုင်ရန် ဆီးရီးယားဆန့်ကျင်ရေးအဖြေကို မျှော်လင့်ထားကြသည်။
ကုလသမဂ္ဂစစ်ရေး စောင့်ကြည့် သူများအဖွဲ့သည် စစ်ရေးရည်ရွယ် ချက်များအတွက်
အရေးပါသော တည်ဆောက်မှုကိုတွေ့နေရကြောင်း၊ အဓိက စစ်ပွဲကြီးတစ်ရပ်စတင်ဖြစ်
ပွားတော့မည်ဟု ယုံကြည်ရန် အကြောင်းရှိပါကြောင်းဖြင့် ကုလ
သမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းအကြီး အကဲဖြစ်သူ “မောရ်ဗေးလာဆူးဇ်” (Herve
Ladsous)က ကြာသ ပတေးနေ့တွင် လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။
သူပုန်များသည် သံချပ်ကာကားများကို သိမ်းယူခဲ့ ကြသည်။
ဆီးရီးယားစစ်လေယာဉ်များက ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တိုက်ပွဲထဲတွင်
အဆိုပါ သံချပ်ကာ ကားများကို သူပုန်တို့ က ယူလာခဲ့ရသည်ဟု သိရသည်။
ရုရှားနှင့် တရုတ်တို့က မျှော် လင့်ထားသည့်အတိုင်း အဆိုပါ မူကြမ်းကို
ကန့်ကွက်ဆန့်ကျင်ခဲ့ ကြသည်။ အဆိုပါ နှစ်နိုင်ငံသည်
ဖြေရှင်းရေးနည်းလမ်းများကို ဖျက် ဆီးရန် လုံခြုံရေးကောင်စီတွင် ဗီတို
အာဏာနှစ်ဆဖြင့် ပယ်ချခဲ့သည်။ ဘရာဇီး၊အိန္ဒိယ၊ ပါကစ္စတန်၊
တောင်အာဖရိကနှင့်အာဂျင်တီးနား အပါအဝင် အထွေထွေညီလာခံနိုင်ငံ များသည်
အဆိုပါဖြေရှင်းရေး မူကြမ်းပါ အုပ်ချုပ်မှုပြောင်းလဲရေး နှင့်
အရေးယူပိတ်ဆို့မှုများပါသည့် စာပိုဒ်များအပေါ် အကျပ်တွေ့နေချိန်တွင်
ဖြေရှင်းရေးမူကြမ်းနှင့်ဆိုင် သည့် ဆော်ဒီကမကထပြုသူများ
ကိုပြန်နောက်ဆုတ်သွားစေခဲ့သည်။
ဖေဖော်ဝါရီလတွင် ကျင်းပခဲ့ သည့် ဆီးရီးယားနိုင်ငံဆိုင်ရာ ဖြေ
ရှင်းရေးနောက်ဆုံးအထွေထွေ ညီ လာခံတွင် မဲအရေအတွက် ၁၃၇ မဲ ရရှိခဲ့သည်။
အဆိုပါ ဖြေရှင်းရေးမူကြမ်း တွင် သမ္မတရာထူးမှ နုတ်ထွက်ရန်
အာဆက်ကိုတောင်းဆိုထားသည်။ “ဆီးရီးယားသမ္မတသည် နိုင်ငံ ရေးအသွင်ပြောင်းလဲမှု
ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်စေရန်အာဏာ ရယူ ထားခြင်းမှ ဖယ်ရှားဆင်းပေးရန်
”ဟု ဇူလိုင်လ ၂၂ ရက် နေ့စွဲဖြင့် အာရပ်အဖွဲ့ချုပ်က မေတ္တာရပ်ခံ ထားသည်။
မာန်သစ်နိုး
Venus News Journal


No comments:
Post a Comment