Wednesday, August 1, 2012

ကျန်းမာရေး သိပ္ပံပညာ ကျောင်းသား များ လိုအပ် လျက်ရှိ


ဓာတ်ခွဲ ကျွမ်းကျင်၊ ဓာတ်မှန် ရိုက် ကျွမ်းကျင်၊ အရိုး အကြော ကျွမ်းကျင် စတဲ့ ဆေးဘက် ဆိုင်ရာ ဘာသာရပ်များဟာ Health Sciences ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာရပ်များ အောက်မှာပါဝင်ပါတယ်။ အရှေ့တောင်အာရှ ဒေသအတွင်းမှာ အဲဒီကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရှင်များ ၁.၂ သန်း လိုအပ်လျက်ရှိပြီး ယခုအခါ ထိုပညာရှင်များ ရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ တွက်ချက်ခန့်မှန်းမှုအရ ၂၀၂၀ ပြည့်နှစ်မှာ ၁.၈ သန်း အထိ လိုအပ်လာလိမ့်မယ်လို့ သိရပါတယ်။ အဲဒီလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်စွမ်းနိုင်ရန် ကြိုးစားတဲ့အနေနဲ့ မလေးရှားအစိုးရဟာ နောက် ၈ နှစ်အတွင်း အဆိုပါ ကျွမ်းကျင်ပညာရှင် ၅ သောင်းမှ ၁ သိန်းခွဲအထိတိုးပြီး မွေးထုတ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ မလေးရှားနိုင်ငံအနေနဲ့ ဒေသအတွင်း ကျန်းမာရေး ဆိုင်ရာအသက်မွေးဝမ်းကျောင်း ပညာရှင်များ လိုအပ်မှုကို ဖြည့်ဆည်းရာတွင် အဓိကနေရာတွင် ပါဝင်သည်ဟု ယုံကြည်ကြောင်း မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် တန်စရီမူယီဒင်ရာစင်က မလေးရှားနိုင်ငံရှိ နိုင်ငံတကာဆေးသိပ္ပံ ကောလိပ် အသစ်တစ်ခုဖွင့်ပွဲတွင် ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပညာရေး ဆိုင်ရာ အမျိုးသားစီးပွားရေးကဏ္ဍတွင် Health Sciences သည် အဓိကနေရာ မှ ပါဝင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံတွင် Health Sciences သင်ယူလျက်ရှိသော ကျောင်းသား စုစုပေါင်း ၈ သောင်း ကျော်ရှိပြီး အစိုးရပိုင် ကျောင်း ၇ ခုနှင့် ပုဂ္ဂလိကပိုင် ကျောင်း ၆၂ ခုရှိကြောင်း သိရပါတယ်။
မောင် Ref : Healthcareasia
Health Digest

No comments:

Post a Comment