Wednesday, August 15, 2012

ယူအီးအက်ဖ်အေ၏ ဥရောပ အကောင်းဆုံး ကစားသမားဆု စကာတင်စာရင်းတွင် ပါဝင်ခဲ့သည့် ရော်နယ်လ်ဒို၊ မက်ဆီ နှင့် အင်နီယေစတာ

ဥရောပ အကောင်းဆုံး ကစားသမား စကာတင် စာရင်းဝင် မက်ဆီ နှင့် ရော်နယ်လ်ဒို
ရီးရဲလ် အသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် ဘာစီလိုနာ အသင်း၏ ကစားသမား နှစ်ဦးဖြစ်ကြသော မက်ဆီ နှင့် အင်နီယေစတာတို့သည် ယူအီးအက်ဖ်အေ၏ ဥရောပ အကောင်းဆုံး ကစားသမားဆု စကာတင် စာရင်းတွင် ပါဝင်ခဲ့သည်။
ယင်းကစားသမား သုံးဦးသည် အားကစား ဂျာနယ်လစ် (၅၃)ဦး၏ အမှတ်ပေးမှုတွင် အများဆုံး ရရှိခဲ့ခြင်းကြောင့် ယခုလို စကာတင် စာရင်းထဲဝင်ခဲ့ခြင်း ဖြစ်သည်။ ဂျူဗင်တပ် အသင်း၏ ကွင်းလယ် ဖန်တီးရှင် ပါလိုသည် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ယမန်နှစ်က ဒုတိယဆု ရခဲ့သည့် ဇာဗီမှာ ပဉ္စမနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
စကာတင် စာရင်းတွင် ပါဝင်သည့် ကစားသမား သုံးဦးအား သြဂုတ်လ (၃၀)ရက်နေ့တွင် ပြုလုပ်မည့် ချန်ပီယံလိဂ် မဲခွဲပွဲတွင် မဲပေး၍ ရွေးချယ်မည် ဖြစ်သည်။ (၂၀၁၁)ခုနှစ် အတွက် အကောင်းဆုံး ကစားသမားဆုကို မက်ဆီက ရရှိခဲ့သည်။ 
soccer weekly

No comments:

Post a Comment