Wednesday, August 15, 2012

တူရကီအရှေ့ပိုင်းတွင် အတိုက်အခံခေါင်းဆောင်တစ်ဦးအား ကာဒစ်ရှ်အလုပ်သမားပါတီပြန်ပေးဆွဲ


ကာဒ်ရှ် အလုပ်သမားပါတီ (PKK)သည် သြဂုတ် ၁၂ ရက်က တူရကီ အရှေ့ပိုင်း တန်ဆယ်လီပြည်နယ်အတွင်း၌ ရီပတ်ဘလီကန် ပြည်သူ့အတိုက်အခံပါတီ (CHP) မှ ဒေသတွင်း အထင်ကရလွှတ်တော် အမတ်တစ်ဦးအား ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ PKK အဖွဲ့ဝင်များသည် သြဂုတ် ၁၂ ရက် ညနေပိုင်းက တန်ဆယ်လီပြည်နယ်အတွင်းရှိ လမ်းမကြီးတစ်ခုပေါ်၌ CHP ၏ ဒုတိယအကြီးအကဲ ဟူဆိုင်အင်အော့်ဂန်၊ ၄င်း၏ လက်ထောက်နှင့် စာနယ်ဇင်းသမားတစ်ဦးတို့ စီးနင်းလိုက်ပါလာသောကားကိုကြားဖြတ်ပိတ်ဆို့တားဆီးခဲ့ပြီးအင်အော့်ဂန်အား ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တန်ဆယ်လီပြည်နယ်အစိုးရက ပြောကြားသည်။
khitlunge

No comments:

Post a Comment