Monday, August 27, 2012

အီကော့တို - ဘိုအာ့စ်က မော်ရင်ဟိုရဲ့ သားလိုပါပဲ

အီကော့တိုမှ ခိုင်းနှိုင်းပြောဆို ခဲ့သည့် ဘိုအာ့စ် နှင့် မော်ရင်ဟို
စပါးစ်အသင်း၏ ဘယ်နောက်ခံလူ အီကော့တိုမှ အသင်း၏ နည်းပြသစ် ဖြစ်သူ ဘိုအာ့စ်အား မော်ရင်ဟို၏ သားနှင့်တူသည်ဟု ခိုင်းနှိုင်းပြောဆိုခဲ့သည်။
ဘိုအာ့စ်သည် ပေါ်တိုအသင်းတွင် မော်ရင်ဟို ကဲ့သို့ မမေ့နိုင်သော အောင်မြင်မှု ရယူပြီး နာမည်ကြီး နည်းပြဖြစ်လာခဲ့သူ ဖြစ်သည်။ အီကော့တိုမှ ဘိုအာ့စ်သည် မော်ရင်ဟိုနှင့် စရိုက်လက္ခဏာ တူညီသူ ဖြစ်ပြီး အသင်းအား အောင်မြင်မှုများ ရယူပေးနိုင်မည့်သူဟု ခိုင်းနှိုင်းပြောဆိုခဲ့သည်။
“သူဟာ မတူညီတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်သူပါ ဒါကြောင့် ကျွန်တော်တို့ကလည်း မတူညီတာတွေကို သင်ယူနေရပါတယ်၊ သူဟာ မော်ရင်ဟိုရဲ့ သားလိုပါပဲ ဘာလို့လည်း ဆိုတော့ သူဟာ သူနဲ့ အလုပ်လုပ်ရတာ အသားကျနေတဲ့သူပါ၊ သူအလုပ်လုပ်တာလည်း တစ်ပုံစံတည်း ဖြစ်နေလို့ပါ”ဟု အီကော့တိုမှ ပြောဆိုခဲ့သည်။
ဘိုအာ့စ်သည် စပါးစ် အသင်းကို ကိုင်တွယ်ခဲ့ရာတွင် နိုင်ပွဲ မရရှိသေးသူ ဖြစ်ကာ အဖွင့်ပွဲစဉ်တွင် နယူးကာဆယ် အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲစဉ်တွင် သရေရလာဒ်ဖြင့် ကျေနပ်ခဲ့ရသည်။ 
soccer weekly

No comments:

Post a Comment