Monday, August 27, 2012

ဆန္ဒပြသည့် တောင်အာဖရိကမိုင်းလုပ်သား များ ပစ်သတ်ခံရ၍ ၃၄ဦး သေ/၇၈ဦး ဒဏ်ရာရ


တောင်အာဖရိကရှိ မာရီကာနာမိုင်း တွင်းမှာ ဆန္ဒပြသူများနှင့် ရဲများ အချင်း များ၍ သြဂုတ်လ ၊ ၁၆ရက် က သတ္ထုတွင်း လုပ်သား ၃၄ ဦးသေဆုံးပြီး ၇၈ဦးဒဏ်ရာ ရခဲ့သည်။မသေဘဲ ဒဏ်ရာ ပြင်းထန်စွာ ရထား သူ အချို့ကလည်း ဆေးရုံမှာ သေဆုံးကုန် ကြသောကြောင့် အသေအပျောက်စာရင်း မှာ များသည်ထက်များလာပြီဖြစ်သည်။
လုပ်ခလစာနည်းပါးမှု ပြဿနာများကြောင့်ကြသလို သောင်းနှင်ချီသော အလုပ်သမား များက အလုပ်ဆက်လုပ်ရန် အခက်အခဲ ဖြစ်နေကြသည်။ ယင်းသို့ သေဆုံးသွား သူများအတွက် တောင်အာဖရိက သမ္မတ ဇူးမားကလည်း ဝမ်းနည်းကြောင်း ပြော ကြားသွားသည်။ ယခုအခါ အလုပ် သမားများ၏ လုံခြုံရေးအတွက် အထူး ဆောင်ရွက်နေပြီဖြစ်ကြောင်း မိုင်းလုပ်ငန်း ပိုင်ရှင်လွန်မင်းကဆိုသည်။
“ကျွန်တော်တို့ က အခုအချိန်မှာ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ယူနေပါပြီ”ဟု ယင်းက ထပ် လောင်း ပြောကြားထားသည။် မိုင်းတွင်းဆန္ဒပြုမှုများကြောင့် အလုပ်ထုတ်ခံထားရသော အလုပ်သမား တစ်သောင်းခန့်ကိုလည်း ယခုအခါ ပြန်လည်ခန့်အပ်သွားမည်ဟု မိုင်းတွင်းပညာရှင်များက ကတိပေးထားကြသည်။  
(DM, 18 Aug)
ကျော်မိုးဟိန်း
Pyimyanmar Journal

No comments:

Post a Comment