Monday, August 6, 2012

မန်ယူ အသင်းအတွက် တစ်နာရီကြာ ပြန်လည်ကစားပေးခဲ့သည့် ဗီဒစ်

မန်ယူအသင်း အတွက် ပြန်လည် ကစားပေးနိုင် ခဲ့သည့် ဗီဒစ်
ဒဏ်ရာပြဿနာကြောင့် မန်ယူ အသင်းအတွက် (၈)လနီးပါး ဘောလုံး ကစားပေးနိုင်ခဲ့ခြင်း မရှိသည့် ဗီဒစ်သည် ဗယ်လ်လာရန်ဂါ အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်တွင် ပထမဆုံး အကြိမ်အဖြစ် ပွဲထွက်ပါဝင် ကစားနိုင်ခဲ့သည်။
ဗီဒစ်သည် (၂၀၁၁) ဒီဇင်ဘာလတွင် ဘေဆယ်လ်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသူ ဖြစ်သည်။
၎င်း၏ ဒူးဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ပြန်လည် ကောင်းမွန်ရန် အတွက် အချိန်ယူခဲ့ရသော်လည်း နည်းပြ ဖာဂူဆန်မှ ယခုနှစ် ရာသီအစတွင် ပါဝင်နိုင်မည်ဟု အမြဲတမ်း ကတိပြု ပြောဆိုခဲ့ကာ အမှန်တကယ်လည်း ပြန်လည် ကစားနိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းပွဲစဉ်တွင် တိုက်စစ်မှူး ရွန်းနီသည်လည်း ယူရို-၂၀၁၂ ပြိုင်ပွဲပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အသင်းအတွက် ပါဝင် ကစားပေးခဲ့သည်။ 
soccer weekly

No comments:

Post a Comment