Wednesday, August 1, 2012

မော်ရာအား စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည့် ဆော်ပေါ်လို

ဆော်ပေါ်လို အသင်းမှ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည့် မော်ရာ
ဆော်ပေါ်လို အသင်းသည် မန်ယူ အသင်းမှ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် မော်ရာအား အသင်းတွင် ဆက်လက် ထိန်းသိမ်းထားရန် အတွက် စာချုပ်သစ် တစ်ရပ်ကမ်းလှမ်းရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။
မန်ယူ အသင်းသည် ထိပ်တန်း ကွင်းလယ် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် မော်ရာအား အသင်း၏ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှု တစ်ခုပြုလုပ်ခဲ့ကာ ဆော်ပေါ်လို အသင်း၏ ငြင်းပယ်ခြင်းကို ခံထားရသည်။
ဘရာဇီး အသင်းနှင့်အတူ လန်ဒန် အိုလံပစ် ပြိုင်ပွဲသို့ ရောက်ရှိနေသည့် မော်ရာသည် သူ၏ အနာဂတ်အား ပြိုင်ပွဲ ပြီးဆုံးမှသာ ဆုံးဖြတ်မည်ဟု ထုတ်ဖော် ပြောဆိုထားခဲ့ပြီး ဆော်ပေါ်လို အသင်း၏ အားကစား ဒါရိုက်တာ ဘတ်တစ်စတာမှ အသက် (၁၉)နှစ် အရွယ်ရှိ တိုက်စစ် ကစားသမားအား မန်ယူ အသင်း၏ ချဉ်းကပ်မှုမှ ကာကွယ်ရန် အတွက် စာချုပ်သက်တမ်းတိုးရန် ရှိနေကြောင်း ၀န်ခံပြောကြား ခဲ့သည်။
“သူ့ရဲ့ စာချုပ်ကို ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါတယ်၊ သူရဲ့စာချုပ်ဟာ နောက်ထပ်လေးနှစ် ကျန်ပါသေးတယ်၊ ကျွန်တော်တို့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ အတွက် ခေါ်ယူဖို့ ရှိနေပါတယ်၊ နောက်ထပ် (၁၈)လ သက်တမ်းတိုးဖို့ ဖြစ်နိုင်ပါတယ်”ဟု ဘတ်တစ်စတာမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
soccer weekly

No comments:

Post a Comment