Wednesday, August 1, 2012

ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ကာရိုးငြင်းဆို

ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့သည့် ကာရိုး
ကာရိုးအား ခေါ်ယူရန် ၀က်စ်ဟမ်း အသင်း၏ ကြိုးပမ်းမှုသည် လီဗာပူးလ် အသင်းမှ ပြောင်းရွှေ့ကြေး လက်ခံခဲ့သော်လည်း ပျက်ပြယ် ခဲ့ရပြီဖြစ်သည်။
ဝက်စ်ဟမ်း အသင်းသည် ကာရိုးအား ယခုနှစ် ရာသီတွင် ပေါင် (၂)သန်းဖြင့် အငှားနှင့် ခေါ်ယူမည် ဖြစ်ကာ နောက်နှစ်ရာသီတွင် ပရီးမီးယားလိဂ်၌ တင်ကျန်ခဲ့ပါက ကျန်ရှိနေသည့် ပေါင် (၁၇)သန်းကို ထပ်မံပေးချေမည်ဟု ကမ်းလှမ်းခဲ့ပြီး အဆိုပါ ကမ်းလှမ်းမှုအား လီဗာပူးလ် အသင်းက လက်ခံခဲ့သည်။
သို့သော်လည်း ၀က်စ်ဟမ်းအသင်းသည် ကာရိုး၏ တစ်ပတ်လုပ်ခ ပေါင် (၈၀၀၀၀)ကို ပေးချေရန် အခက်အခဲ ရှိနေပြီး ကာရိုးကလည်း ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သည်။
“စိတ်မကောင်း စရာပါပဲ၊ လီဗာပူးလ် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကစားသမားက ခုချိန်မှာ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒ မရှိသေးပါဘူး”ဟု ၀က်စ်ဟမ်း အသင်းမှ ESPNသို့ ပြောကြားခဲ့သည်။ ကာရိုးသည် နယူးကာဆယ် အသင်း နှင့် ဥရောပ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့် အသင်းများကိုသာ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment