ဦးသိန်းစိန်
အစိုးရ လက်ထက်တွင် တပ်မတော် အစိုးရလက်ထက် နှစ် ၂၀ နှင့်မတူ ပြောင်းလဲမှုမှာ
နိင်ငံရေးပါတီများနှင့် ကုလသမဂ္ဂ တွေ့ဆုံ ရာတွင် လွတ်လွတ်လပ်လပ်ရှိပြီး
ပြောင်းလဲလာကြောင်း ဇိုးမီးအမျိုးသား ဒီမိုကရေစီကွန်ယက်မှ
ဦးပူဂင်လျန်(ခ)ပူကမ်းလျန်က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားသည်။
ကုလသမဂ္ဂ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ V.J Nambia ၏ နိင်ငံရေး
အကြံပေး Mrs. Mariannr Hagen နှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း
မြန်မာအီးဂရက် သင်တန်းကျောင်း တွင် တွေ့ဆုံရာတွင် အထက်ပါအတိုင်း
ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိင်ငံအကြောင်းကို ထဲထဲဝင်ဝင်
လေ့လာသိရှိလိုကြောင်း တက်ရောက်လာသည့် နိင်ငံရေးပါတီများထံမှ
မြန်မာနိင်ငံတွင် ပါဝင် သင့်သည့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ နှင့် ပတ်သက်လို့လည်း
သိရှိလိုသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ဆိုသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် စေလိုကြောင်း မြန်မာနိင်ငံသို့ ကုလသမဂ္ဂ ကိုယ်စားလှယ်များ
အကြိမ်ကြိမ် လာရောက်ခဲ့ကြောင်း ရာဇာလိအစ္စမေးဆိုလျှင် ၁၂ ကြိမ်ခန့်
လာရောက်ခဲ့ကြောင်း၊ နိင်ငံရေးပါတီများအနေဖြင့် လွန်ခဲ့သည့် နှစ်၂၀ ခန့်က
ခိုးကြောင် ခိုးဝှက် တွေ့ရပြီးစစ်ထောက်လှမ်းရေး၏ စောင့်ကြည့် မေးမြန်းမှု လည်းခံခဲ့ရကြောင်း ဦးပူဂင်လျန်က ဆိုသည်။
အရင်က ကုလသမဂ္ဂက မြန်မာနိင်ငံအကြောင်း မသိဘူးဆိုတာ လွတ်လွတ် လပ်လပ်
လုပ်လို့မရလို့ပါ" ဟု ၄င်းက ဆိုသည်။ ရခိုင်တိုင်းရင်းသားပါတီမှ ကုလသမဂ္ဂ
နှင့် တိုင်းရင်းသား ပါတီများ တွေ့ဆုံရာတွင် လွတ်လပ်မှုမရှိ ခဲ့ကြောင်း
ကုလသမဂ္ဂ နှင့် တွေ့လို့ ဖမ်းဆီးခံရသူများလည်းရှိခဲ့သည်ဟုပြောကြားသည်။
myanmartharkaung blog
မြန်မာနိင်ငံအကြောင်းကို ထဲထဲဝင်ဝင် လေ့လာသိရှိလိုကြောင်း တက်ရောက်လာသည့် နိင်ငံရေးပါတီများထံမှ မြန်မာနိင်ငံတွင် ပါဝင် သင့်သည့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ နှင့် ပတ်သက်လို့လည်း သိရှိလိုသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ဆိုသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် စေလိုကြောင်း မြန်မာနိင်ငံသို့ ကုလသမဂ္ဂ ကိုယ်စားလှယ်များ အကြိမ်ကြိမ် လာရောက်ခဲ့ကြောင်း ရာဇာလိအစ္စမေးဆိုလျှင် ၁၂ ကြိမ်ခန့် လာရောက်ခဲ့ကြောင်း၊ နိင်ငံရေးပါတီများအနေဖြင့် လွန်ခဲ့သည့် နှစ်၂၀ ခန့်က ခိုးကြောင် ခိုးဝှက် တွေ့ရပြီးစစ်ထောက်လှမ်းရေး၏ စောင့်ကြည့် မေးမြန်းမှု လည်းခံခဲ့ရကြောင်း ဦးပူဂင်လျန်က ဆိုသည်။
အရင်က ကုလသမဂ္ဂက မြန်မာနိင်ငံအကြောင်း မသိဘူးဆိုတာ လွတ်လွတ် လပ်လပ် လုပ်လို့မရလို့ပါ" ဟု ၄င်းက ဆိုသည်။ ရခိုင်တိုင်းရင်းသားပါတီမှ ကုလသမဂ္ဂ နှင့် တိုင်းရင်းသား ပါတီများ တွေ့ဆုံရာတွင် လွတ်လပ်မှုမရှိ ခဲ့ကြောင်း ကုလသမဂ္ဂ နှင့် တွေ့လို့ ဖမ်းဆီးခံရသူများလည်းရှိခဲ့သည်ဟုပြောကြားသည်။


No comments:
Post a Comment