Friday, August 10, 2012

တောင်အာဖရိကနိုင်ငံတွင် ဆီးနှင်းများ မကြုံစဖူး ထူထပ်စွာကျဆင်း


တောင်အာဖရိကနိုင်ငံတွင် သြဂုတ် ၇ ရက်က ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် နိုင်ငံအတွင်းရှိ လမ်းများ ပိတ်ဆို့ လျက်ရှိကြောင်း သိရသည်။အဆိုပါ နှင်းများသည် သြဂုတ် ၇ ရက်နံနက်ပိုင်းက စတင်ကျဆင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်းတွင် ဆောင်းရာသီကဲ့သို့ အလွန်အေးလျက်ရှိကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံတွင် ဆီးနှင်းများ ကျဆင်းမှုကို တာဝန်ရှိသူများက မှတ်တမ်းတင်ခဲ့ကြသည်။ နိုင်ငံအတွင်း ဆီးနှင်းများ ဆက်လက် ကျဆင်းနိုင်မည်ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များအား မိုးလေဝသ ပညာရှင်များက ကြိုတင် ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။ ဆီးနှင်းများ ကျဆင်းမှုကြောင့် လမ်းအချို့ကို ပိတ်ဆို့ခဲ့ပြီး နယ်စပ်အဝင် ဂိတ်များကိုလည်း ပိတ်ဆို့ခဲ့ရကြောင်း သိရသည်။ ဂျိုဟန်နက်စဘာ့ဂ်မြို့တွင် ယခုကဲ့သို့ ဆီးနှင်းများ မကြုံစဖူး ကျဆင်းမှုသည် နှစ်ပေါင်း ၁၀၃ နှစ်အတွင်း ၂၂ ရက်ခန့်သာ ကျဆင်းလေ့ရှိကြောင်း သိရသည်။
khitlunge

No comments:

Post a Comment