Friday, August 10, 2012

အချစ်နှင့် လိင်ဆန္ဒသည် အချိန်ကာလနှင့် ဆိုင်ကြောင်း Google အတည်ပြု


လူနေမှု ဘဝထဲအထိ များစွာ အရေးပါလာသည့် အွန်လိုင်း ဆက်သွယ်ရေး စနစ်များ၏ နောက်ကွယ်တွင် ဘဝကြင်ဖော်နှင့် ချစ်ခင်သူများ ရှာဖွေမှုများအပြင်  လိင်ဆန္ဒကို ဖြည့်ဆည်းရန် အဖော်ရှာဖွေနိုင်သည့် ဝန်ဆောင်မှုများပါ အွန်လိုင်းပေါ်တွင် ရရှိလာနိုင်ခြင်းကြောင့် လူနေမှုဘဝနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ်မှ လက်ရှိအချိန်အထိ အွန်လိုင်းဆိုင်ရာ စစ်တမ်းကောက်ယူမှု တစ်ရပ်တွင် အွန်လိုင်းပေါ်တွင် အချစ်ရှာဖွေသူများနှင့် လိင်ဆန္ဒ ဖြည့်ဆည်းရန် ကြိုးစားသူများသည် အချိန်ကာလနှင့် ရာသီအပြောင်းအလဲအလိုက် အခြေခံ ဖြစ်တည်နေကြောင်း Google ၏ စိတ်ပညာဆိုင်ရာ သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဆယ်ကျော်သက်များနှင့် အိမ်ထောင်ဖက် ရှာဖွေသူများ၏ အခြေအနေကို အွန်လိုင်း Dating ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက်များနှင့် အခြားသော အီးမေးလ်စနစ် စသည်တို့ကို အခြေခံ၍ စစ်တမ်းကောက်ခဲ့ရာတွင် ဆောင်းရာသီနှင့် နွေဦးရာသီများ၌ ချစ်သူရှာဖွေသူ ပိုမိုများကြောင်း တွေ့ရှိရပြီး အခြားအချိန် ကာလများတွင် အလုပ်အကိုင်များကို ပိုမိုအာရုံစိုက်မှုရှိကြောင်း တွေ့ရသည်။

ကျန်းမာရေး ပညာပေးရေးဆိုင်ရာ အွန်လိုင်းဂျာနယ်တစ်ခု၏ ဖော်ပြမှု၌ လူအများတွင်ရှိနေသော လိင်ဆန္ဒသည် ခြောက်လတစ်ကြိမ် ပြောင်းလဲ၍ ပုံမှန်မဟုတ်သည့် အနေအထားသို့ ရောက်ရှိသွားတတ်ကြောင်း သိရပြီး ခရစ္စမတ်ကာလများနှင့် အားလပ်ရက်များတွင် ထိုကဲ့သို့ အွန်လိုင်းပေါ်၌ လိင်မှုဆိုင်ရာ အချိန်ဖြုန်းမှုများစွာကို တွေ့မြင်ရသည်ဟု ဆိုသည်။ အွန်လိုင်းရှာဖွေရေး ဝက်ဘ်ဆိုက်များတွင်လည်း Porn, xxx, call girl စသည့် စကားလုံးများကို အများအပြား အသုံးချနေကြကြောင်း တွေ့ရှိရသည်။
The it Times

No comments:

Post a Comment