Wednesday, August 1, 2012

စက်တင်ဘာလ(၂၆)ရက်နေ့တွင် စူပါကိုပါကာတာလန်ညာဖလား ပွဲစဉ်ကစားရန် လက်ခံခဲ့သည့် ဘာကာ

ဘာကာ နှင့် အက်စ်ပန်ညို အသင်းတို့ကစားမည့် စူပါကိုပါ ကာတာလန်ညာ ဖလား ပွဲစဉ်ကြေငြာ
ဘာစီလိုနာ အသင်းသည် စူပါကိုပါ ကာတာလန်ညာ ဖလား ပွဲစဉ်အား စက်တင်ဘာလ (၂၆)ရက်နေ့တွက် အက်စ်ပန်ညို အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။
အဆိုပါ နှစ်သင်း၏ ပွဲစဉ်အား ဇူလိုင်လ (၃၁)ရက်နေ့တွင် ကစားရန် စီစဉ်ထား ခဲ့သော်လည်း ဘာစီလိုနာ အသင်းဘက်မှ ပွဲဆက်များနေသော ကာလဖြစ်နေခြင်းကြောင့် ကစားသမား ဒဏ်ရာရမည်ကို စိုးရိမ်ခဲ့ပြီး ပွဲစဉ်ကို ရက်ရွှေ့ခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာ အသင်း၏ ပွဲစဉ်ရွှေ့ဆိုင်းမှု အပေါ် အက်စ်ပန်ညို အသင်း၏ ဥက္ကဋ္ဌ ကိုလ်လက်မှ သူ၏ အသင်းပေါ် ဘာစီလိုနာ အသင်းက လေးစားမှု နည်းပါးသည်ဟု စွပ်စွဲပြောဆို ခဲ့သည်။ ဘာစီလိုနာ အသင်းသည် ယခုအခါတွင် ကတ်တလန် ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်ပေးခဲ့သည့် ရက်တွင် ကစားရန် လက်ခံခဲ့ပြီ ဖြစ်သည်။
“ဘာစီလိုနာ အသင်းက စူပါကိုပါ ကတ်တလန်ညာ ဖလားပွဲစဉ်ကို စက်တင်ဘာလ (၂၆)ရက်နေ့မှာ ကစားဖို့ FCFရဲ့ အကြံပြုချက်ကို လက်ခံခဲ့ပါပြီ။ ဘာစီလိုနာ အသင်းရဲ့ နည်းပြတွေက အတတ်နိုင်ဆုံး အကောင်းဆုံး အသင်းနဲ့ ၀င်ပြိုင်မှာပါ”ဟု ဘာစီလိုနာ အသင်းက ကြေငြာခဲ့သည်။ 
soccer weekly

No comments:

Post a Comment