Saturday, August 11, 2012

အန်ဆယ်လော့တီ - လီဂူး-၁ ဖလားရရှိဖို့က ပီအက်စ်ဂျီ အသင်းရဲ့ အဓိကရည်မှန်းချက်ပါ

ပီအက်စ်ဂျီ အသင်း၏ နည်းပြ အန်ဆယ်လော့တီ
ငွေကြေးများစွာ အသုံးပြု၍ အသင်းအား တည်ဆောက်နေသည့် ပီအက်စ်ဂျီ အသင်း၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီမှ သူတို့ အသင်း၏ အဓိက ရည်မှန်းချက်မှာ လီဂူ-၁ ဖလားရယူရန် ဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
ပီအက်စ်ဂျီ အသင်းသည် ယခု အပြောင်းအရွှေ့ ကာလအတွင်း လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ပြီး ထိပ်တန်း ကစားသမားများ ဖြစ်ကြသော အီဗရာဟီမိုဗစ်ခ်ျ၊ ဆေးလ်ဗား၊ လာဗက်ဇီ နှင့် မော်ရာတို့ကို ခေါ်ယူထားပြီး ဖြစ်သည်။
“ပီအက်စ်ဂျီ အသင်းက မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှု အတွက် ကြိုးစားခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ရာသီအစကနေ စပြီး လီဂူ-၁မှာ အနိုင်ရဖို့နဲ့ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ဖလားရယူနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု အန်ဆယ်လော့တီမှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment