![]() |
| ၀က်စ်ဘရွန်း အသင်းတွင် အငှားဖြင့် ပြောင်းရွှေ့ ကစားမည့် လူကာကူ |
ချယ်လ်ဆီး အသင်းသို့ ယမန်နှစ် နွေရာသီက
ပေါင် (၁၈)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာ ခဲ့သည့် လူကာကူသည် နေရာရရန်
အတွက် ရုန်းကန်ခဲ့ရပြီး တစ်ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့သူ ဖြစ်သည်။
လူကာကူသည် ၀က်စ်ဘရွန်း အသင်းတွင် ကျောနံပါတ် (၂၀)ကို ၀တ်ဆင် ကစားမည်
ဖြစ်သည်။
“လူကာကူကို ကျေနပ်ပျော်ရွှင်စွာနဲ့
လူကာကူကို ကြိုဆိုပါတယ်၊ သူဟာ ငယ်ရွယ်ပြီးတော့ သန်မာတဲ့ စွမ်းအားပြည့်
တိုက်စစ်မှူး တစ်ဦးပါ”ဟု စတီဗ့်ကလပ်ခ်မှ အသင်း၏ ၀က်ဘ်ဆိုက်တွင်
ပြောဆိုခဲ့သည်။
soccer weekly

No comments:
Post a Comment