![]() |
| ရိုးမားနှင့် ဆေးစစ်မည့် ဘယ်လ်ဇာရက်တီ |
ပါလာမို အသင်းမှ ထွက်ခွာရန်
ပြင်ဆင်နေသည်ဟု သတင်းကြီးနေသော ဘယ်လ်ဇာရက်တီသည် ယခုအခါတွင် ဆစ်စလီ
အခြေစိုက်ကလပ်မှ အမှန်တကယ် ထွက်ခွာရန် ပြင်ဆင်နေပြီး ရိုးမားအသင်းသို့
ပြောင်းရွှေ့ ကစားမည် ဖြစ်သည်။
ရိုးမား အသင်း၏ နည်းပြဖြစ်သူ ဇီမန်းသည်
အသင်း၏ နောက်တန်း နေရာအတွက် ကစားသမား အင်အားဖြည့်တင်းရန် စီစဉ်ခဲ့ပြီး
ဘယ်လ်ဇာရက်တီမှာ ၎င်း၏ ဦးစားပေး ပစ်မှတ်ဖြစ်ခဲ့သည်။
တိုရီနို အသင်းတွင် ပရော်ဖက်ရှင်နယ်
ကစားသမား ဘ၀ကို စတင်ခဲ့သည့် ဘယ်လ်ဇာရက်တီသည် ကစားသမား ဘ၀တစ်လျှောက်တွက်
ဗာရက်စီ၊ ဆီနာ၊ ဂျူဗင်တပ် နှင့် ဖီအိုရင်တီးနား အသင်းများတွင်
ကစားခဲ့ဖူးပြီး (၂၀၀၈)ခုနှစ်တွင် ပါလာမို အသင်းသို့ ပြောင်းရွှေ့ခဲ့သည့်
ဝါရင့်နောက်ခံလူ တစ်ဦးဖြစ်သည်။
soccer weekly


No comments:
Post a Comment