Thursday, August 30, 2012

Cosmopolitan ပေါ်မှာ လန်းနေတဲ့ လီဟိုရီ


ကိုရီးယား ဂျက်စီကာ အယ်ဘာလို့ တင်စားကြရသူ ဂီတ နတ်သမီးလေး လီဟိုရီရဲ့ အလန်း စတိုင်ပုံနဲ့ ထုတ်ဝေလာတဲ့ Cosmopolitan မဂ္ဂဇင်းဟာ လူကြိုက်များနေတာ အမှန်ပါပဲ။ Cos မဂ္ဂဇင်း ၁၂ နှစ်မြောက် အထူးထုတ် အဖြစ် ထုတ်ဝေတဲ့ စက်တင်ဘာလ ထုတ် မျက်နှာဖုံးထက်မှာ လီဟိုရီက သူမ ညှို့ငင် အားပြင်း ထဲဆိုတာ ပြသနေပါတယ်လို့လည်း စတားက ကောင်းချီး ပေးလာပါတယ်။
အမ်စတာဒမ်မှာ တကူးတက သွားရောက်ရိုက်ကူးခဲ့တဲ့ အလန်းမလေးလီဟိုရီရဲ့အလှပုံရိပ်တွေဟာ ဆိုးလ်ချာတိတ်တွေ အကြိုက် ဖြစ်ခဲ့ ရပြီး ဟော်လန်ရေမြေပသာဒနဲ့ လီဟိုရီရဲ့အလှဟာ လိုက်ဖက်ညီခဲ့တာ အမှန်ပါလို့လည်း စတားက ကောင်းချီးပေးထားပါတယ်။ ရှင်ဟွာအဖွဲ့ဝင် အဲရစ်နဲ့ မခွဲအတူတွေ့နေရသူ ပေါ့ပ်နတ်မိမယ်မလေး ဟိုရီရဲ့ ရင်ခုန်သံ ဒိုင်ယာရီကိုနားစွင့်ရင်း ဃသျ မဂ္ဂဇင်းကို ဝယ်ယူအားပေးကြပါစို့လား။
ရဲသစ်
Venus News

No comments:

Post a Comment