Thursday, August 30, 2012

Grace of Monaco နစ်ကိုးလ်ကစ်ဒ်မင်း


ကျေးလက် အဆိုကျော်တိတ် အာဘန်နဲ့ အိမ်ထောင် ကျအပြီး သမီးလေး တစ်ဦး ပိုင်ဆိုင်ခွင့်ရခဲ့သူ ဩဇီ နတ်မိ မယ် နစ်ကိုးလ်ကစ်ဒ်မင်း တစ်ယောက် ပျောက်နေပါလား အမေးရှိလာသူတွေအတွက် မိုင်ရာက သတင်းကောင်းပါး လာပါတယ်။
၁၉၆၀ ကာလတွေက လျှမ်းလျှမ်းတောက် အလှသရဖူဆောင်းခဲ့ပြီး မိုနာကိုအိမ်ရှေ့စံရဲ့ တော်ကောက် ခြင်းခံခဲ့ရသူ ဟောလိဝုဒ်အလှနတ်သမီး ဂရေ့စ်ကယ်လီရဲ့ ဘဝဒိုင်ယာရီကို ခြယ်သဖော်ကျူးမယ့် အချစ် ဒရာမာ ဇာတ်လမ်းသစ်Grace of Monaco မှာ နစ်ကိုးလ် တစ်ယောက် မင်းသမီးချောတဖြစ်လဲ တော်ဝင်မိဖုရား ဂရေ့စ်ကယ်လီအသွင်နဲ့ ပရိသတ်ကိုဖမ်းစားဦးမှာကို မိုင် ရာက ဦးဦးဖျားဖျားလက်တို့ထားပါတယ်။
Pulp Fiction နဲ့ထင်ရှားခဲ့တဲ့ မင်းသား တင်မ်ရုသ်(Tim Roth) ကို မိုနာကို အိမ်ရှေ့မင်းသား ရိန်နီရာအသွင်နဲ့ ရှုစားရမှာဖြစ်ပြီး တစ် သားမွေးတစ်သွေးလှသူ နစ်ကိုးလ်တစ်ယောက် ရင်ခုန်သံ မြန်အောင် ပြုစားနိုင်ဆဲဆိုတာ ခံစားခွင့်ရဦးမှာပါ။
ရဲသစ်
Venus News Journal

No comments:

Post a Comment