မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံ
ငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃
ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော် အတွက်
နိုင်ငံခြား သုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ
အသုံး ပြုနိုင်စေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ နိုင်ငံခြား
ငွေလဲနှုန်း စနစ်ကို ယခင် ကျင့်သုံးခဲ့သည့် SDR နှင့်
ချိတ်ဆက် သည့် စနစ်အစား နှုန်းရှင်စနစ်သို့ ပြောင်းလဲကာ နေ့စဉ် နိုင်ငံခြားငွေ လဲနှုန်း ကို
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ် ထုတ်ပြန် ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံပိုင်
ဘဏ်များ အပြင် ပုဂ္ဂလိက ဘဏ်များကိုလည်း နိုင်ငံခြားငွေ လဲကောင်တာများ ဖွင့်၍ နိုင်ငံခြားငွေ
ရောင်း ဝယ် လဲလှယ်နိုင် ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ငွေလဲ ကောင်တာများတွင် အမေရိကန် ဒေါ်လာ
တစ်သောင်းအထိ အထောက်အထား တင်ပြရန် မလိုဘဲ ရောင်းဝယ် လဲလှယ်ခွင့် ပြုခဲ့သည်။ နိုင်ငံသား
များကိုလည်း တရားဝင် ရရှိသည့် နိုင်ငံခြားငွေ အနက် အမေရိကန် ဒေါ်လာ တစ်သောင်းအထိ လက်ဝယ်သုံးလ
ကိုင်ဆောင်ခွင့် ပြုပြီးဖြစ်၍ FEC ကို
ကြားခံငွေကြေး အဖြစ် သုံးစွဲရန် မလိုအပ်တော့၍ FEC ကို ဥပဒေနှင့် အညီ အဆင့်ဆင့် ရုပ်သိမ်း သွားတော့မည် ဖြစ်ကြောင်း
သိရသည်။
FEC ရုပ်သိမ်းလျှင် လက်ဝယ် ကိုင်ဆောင်သူများ
မနစ်နာစေရန် ညီမျှသည့် ဒေါ်လာ တန်ဖိုးဖြစ်စေ၊ ယင်းနေ့တွင် ဖြစ်ပေါ်သည့် ငွေလဲနှုန်းအရ
ညီမျှသည့် ငွေကျပ်ကို ဖြစ်စေ လဲပေးမည့် အပြင် လုံလောက်သော အချိန်ကာလ ကိုလည်း ပေးမည်ဖြစ်ကြောင်း
သိရသည်။ ယခုအခါ FEC ကို
အစိုးရ ပေးဆောင်ရမည့် ဘေလ်များ၊ MFTB? MICB ဘဏ်တို့တွင်
နိုင်ငံခြားက လွှဲပို့သော ငွေများ ပြန်ထုတ်ပေးသည့် နေရာမျိုးတွင်သာ သုံးစွဲလေ့ ရှိသဖြင့်
FEC ရုပ်သိမ်း ပါကလည်း သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း
ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းမှ သိရသည်။
myanmartharkaung blog


No comments:
Post a Comment