Friday, September 28, 2012

အတုအယောင် account များကို Facebook ကရှင်းထုတ်လိုက်ပြီ


အတုအယောင်accountများကိုရှင်းထုတ်သည့် ဆောင်ရွက်ချက်အဖြစ်Facebookကaccount ထောင်ပေါင်များ
စွာကို ဖျက်လိုက်ပြီ ဖြစ်သည်။ 
 
ပြီးခဲ့သည့် နှစ်ရက်အတွင်း Facebook Page များတွင် Like လုပ်ထားသူ အရေအတွက် လျော့ကျသွားမှု ကြုံတွေ့ရခြင်းမှာ အဆိုပါ Like လုပ်ထားသည့် account များမှာ အတုအယောင်များ ဖြစ်နေခြင်းကြောင့်ဟု TechCrunch.comကဆိုသည်။ 
 
ZyngaTexas HoldEm Poker Facebook Page တွင် တစ်ရက်အတွင်း Like လုပ်ထားသူ 
အရေအတွက် ၉၆,၀၀၀ လျော့ကျသွားကြောင်း၊ အလားတူ နာမည်ကြီးအဆိုတော်
 လေဒီဂါဂါ၏ Facebook Page တွင်လည်း Like လုပ်ထားသူ အရေအတွက် ၃၁,၇၀၀
 လျော့ကျသွားကြောင်း သိရသည်။
Planet

No comments:

Post a Comment