Friday, September 28, 2012

တယ်ရီသည် လူမျိုးရေးခွဲခြားသူ မဟုတ်ဟု မော်ရင်ဟို ကာကွယ်ပြောဆို

တယ်ရီမှ လူမျိုးရေး ခွဲခြားခဲ့သည့် အန်တွန် ဖာဒီနန်
ချယ်လ်ဆီး အသင်း၏ နည်းပြဟောင်း မော်ရင်ဟိုမှ လူမျိုးရေး ခွဲခြားမှုဖြင့် (၄)ပွဲပယ်ခံခဲ့ရသော ဂျွန်တယ်ရီဘက်မှ ကာကွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
တယ်ရီသည် ပြီးခဲ့သော (၂၀၁၁) အောက်တိုဘာလတွင် ကျူပီအာ အသင်း၏ နောက်ခံလူ အန်တွန် ဖာဒီနန်အား လူမျိုးခွဲခြားခဲ့ပြီး ပြစ်မှု ထင်ခြားသောကြောင့် အက်ဖ်အေ၏ (၄)ပွဲပယ် ပြစ်ဒဏ်နှင့် ပေါင် (၂၂၀၀၀၀) ဒဏ်ရိုက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
မော်ရင်ဟိုမှ ယင်း၏ အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ တယ်ရီမှာ လူမျိုးရေး ခွဲခြားသူ မဟုတ်ဟု ကာကွယ် ပြောဆိုခဲ့သည်။ “သူဟာ လူမျိုးရေးခွဲခြားရေ ၀ါဒီတစ်ဦး မဟုတ်ပါဘူး ဒါဟာ ၁၀၀ရာခိုင်နှုန်း သေချာပါတယ်။ ကျွန်တော်တို့မှာ ရှိတုန်းက အာဖရိက ကစားသမား (၁၂)ဦး အသင်းလူစာရင်းထဲမှာ ရှိခဲ့ပါတယ်။ သူဟာ အမြဲတမ်း ကစားသမားတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့သူပါ”ဟု မော်ရင်ဟိုမှ ကာကွယ် ပြောဆိုခဲ့သည်။
မော်ရင်ဟိုမှ ဆက်လက်ပြီး ဘောလုံးပွဲစဉ် တစ်ပွဲအတွင်း ဘာမဆို ဖြစ်သွားနိုင်ကြောင်း နှင့် တစ်ခါတစ်ရံတွင် ဘောလုံးပွဲတစ်ပွဲထက် ပိုသော အခြေအနေများ ဖြစ်ပေါ်နိုင်ပြီး ကိုယ်လုပ်ခဲ့လဲ ဆိုတာကို မသိနိုင်တဲ့ အခြေအနေများနှင့် တွေ့ကြုံနိုင်ကြောင်း ပြောကြားခဲ့သည်။ တယ်ရီသည် လာမည့် (၁၄)ရက် အတွင်း အက်ဖ်အေ၏ ပြစ်ဒဏ် အတွင် အယူခံဝင်ခွင့် ရှိနေကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment