ဗြိတိန်ဘုရင်မကြီးရဲ့ သားတော် အင်ဒရူး မင်းသားဟာ ပညာရေး ရန်ပုံငွေ မတည်ပေးဖို့ အတွက် ဥရောပရဲ့
အမြင့်ဆုံး အဆောက်အဦပေါ်ကနေ ကြိုးနဲ့ ဆင်းသက်ပြခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၂နှစ်ရှိပြီဖြစ်တဲ့ မင်းသား အင်ဒရူးဟာ လန်ဒန်မြို့ရှိ The Shard
မိုးမျှော်တိုက်ရဲ့ အထပ် ၈၇ထပ်ကနေ အထပ် ၂၀အထိ၊ အမြင့်မီတာ ၂၅၀ကို ၁နာရီခန့်
အချိန်ယူပြီး ဆင်းသက် ပြခဲ့တာဖြစ်ပါတယ်။
အန်ဒရူး မင်းသားဟာ အဖွဲ့ဝင် ၄၀ပါဝင်တဲ့ ပညာရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး
၎င်းအဖွဲ့ ရန်ပုံငွေ ရရှိရေးအတွက် ယခုလို စွန့်စွန့်စားစား
လုပ်ဆောင်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ စွန့်စားမှုကနေ လူငယ်တွေကို
အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင် ကျော်လွှားနိုင်ဖို့အတွက်
တွန်းအားပေးလိုက်တာ ဖြစ်ကြောင်း မင်းသားက ပြောကြားခဲ့ ပါတယ်။ မင်းသား
အင်ဒရူးဟာ အဲ့ဒီစွန့်စား လုပ်ဆောင်မှုကနေ ဗြိတိသျှပေါင်ငွေ လေးသိန်း
ခြောက်သောင်းခန့် ရန်ပုံငွေရရှိခဲ့ကြောင်း သိရပါတယ်။
MRTV4


No comments:
Post a Comment