Friday, September 14, 2012

ရီးရဲလ် နှင့် စီရော်နယ်လ်ဒိုတို့ မည်သည့် ပြဿနာမှ မရှိဟု ကာဆီးလက်စ်ဖွင့်ဟ

ရီးရဲလ်အသင်းနှင့် မည်သည့် ပြဿနာမှ မရှိဟု ကာဆီးလက်စ်မှ ယုံကြည်နေသည့် ရော်နယ်လ်ဒို
ရီးရဲလ် အသင်းခေါင်းဆောင် ကာဆီးလက်စ်သည် အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်သူ စီရော်နယ်လ်ဒို အသင်းတွင် မပျော်မရွှင် ဖြစ်နေသည် ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။
အဆိုပါ သတင်းများသည် စီရော်နယ်လ်ဒိုမှ ၀မ်းနည်းနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ပျံ့နှံ့လာခဲ့သည့် သတင်းများ ဖြစ်သည်။ သို့သော်လည်း ကာဆီးလက်စ်မှ စီရော်နယ်လ်ဒိုသည် အသင်းနှင့် မည်သည့် ပြဿနာမှ မရှိဟု ယုံကြည်နေပြီး ယင်း၏ အမြင်နှင့် အသင်းမှ ကစားသမားတိုင်း၏ အမြင်မှ တူညီသည်ဟုလည်း ယုံကြည်နေကြောင်း သိရသည်။
“ခရစ္စတီယာနိုက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ဆီဗီးလားနဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားပါတယ် ကျွန်တော်တို့ ဒီထက်ပိုပြီး အမှတ်ဆုံးရှုံးလို့ မရတော့ပါဘူး အနိုင်ကစားရမှာပါ။ ခရစ္စတီယာနိုက မက်ဒရစ်မှ ဆက်နေရတာကို ပျော်ရွှင်နေမှာပါ ပရိသတ်တွေကလည်း သူရှိနေလို့ ပျော်ရွှင်နေမှာပါ”ဟု ကာဆီးလက်စ်မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment