Friday, September 14, 2012

တူရကီ အနောက်ပိုင်း၌ တောမီးလောင်ကျွမ်း


တူရကီနိုင်ငံအနောက်ပိုင်းဘာလီကီပြည်နယ်ဟာဘရန်ခရိုင်ရှိကက်ဇ်တောင်တန်းဒေသ၌ တောမီးလောင်မှုဖြစ်
ပွား ရာ သစ်တောမြေ ဟက်တာ ၅၀၀နီးပါးဆုံးရှုံးခဲ့ရပြီး ဒေသခံကျေးရွာများမှ ပြည်သူများကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း အင်တနာအတိုလီယာ သတင်းဌာနက စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန် သည်။ တောမီးလောင်ကျွမ်းမှုကြောင့် စိုက်ပျိုးရေးခြံများနှင့် သံလွင်စိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးရကြောင်းသတင်းတွင် ဖော်ပြသည်။ တောမီးလောင်ကျွမ်းစဉ် လေပြင်းတိုက်ခတ်နေခြင်းကြောင့် မီးကိုထိန်းချုပ်နိုင်ရန်ခက်ခဲလျက်ရှိကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတာဟန်က ပြောကြားသည်။ တောင်
ယာမီးရှို့ရာမှ တောမီးလောင်ကျွမ်း မှု ဖြစ်ပွားရသည်ဟု ယူဆရကြောင်း သစ်တောဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
khitlunge

No comments:

Post a Comment