Friday, September 28, 2012

ရော်ဘင် - လိုက်လျောညီထွေ ဖြစ်လွန်းခြင်းက ကောင်းတဲ့အရာမဟုတ်ပါဘူး

လိုက်လျောညီထွေ ဖြစ်ခြင်းက ကောင်းမွန်သော အရာမဟုတ်ဟု သုံးသပ်ခဲ့သည့် ရော်ဘင်
လိုက်လျောညီထွေ ဖြစ်လွန်းခြင်းက အသင်းတွင် မကောင်းသော အခြေအနေ တစ်ခုကို ဖြစ်ပေါ်လာစေသည်ဟု ဘိုင်ယန်မြူနစ် အသင်း၏ တောင်ပံ ကစားသမား အာဂျန်ရော်ဘင်မှ ပြောကြားခဲ့သည်။
ဘိုင်ယန်မြူနစ် အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေသော အသင်းဖြစ်ပြီး ဘွန်းဒက်စ်လီဂါ (၅)ပွဲနှင့် ချန်ပီယံလိဂ် (၁)ပွဲတို့တွင် အနိုင်ရထားသည်။
“အဲဒီအချက်က အရေးကြီးပါတယ် အသင်းဖော် အချင်းချင်းမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း အမှန်းတရားတွေ ပြောဖို့လိုအပ်ပေမယ့် ဒါဟာ အမြဲတမ်းတော့ အကောင်းသဘောရှိတဲ့ အချက်မဟုတ်ပါဘူး”ဟု ရော်ဘင်မှ Sport 1သို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ ဘိုင်ယန်မြူနစ် အသင်းသည် လာမည့် စနေနေ့တွင် ၀ါဒါဘရီမင် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment