Friday, September 28, 2012
အိန္ဒိယအနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်၊ ၁၈ ဦးသေဆုံး
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ်တွင် စက်တင်ဘာ ၂၆ ရက်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသားအချို့အပါအ၀င် အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ယာဉ်မတော်တဆမှုသည် မဟာရက်ရှ်ထရာပြည်နယ် ဘာလ်ဟာနာခရိုင်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်ပွားပုံမှာ ခရီးသည် ၅၅ ဦးကျော် လိုက်ပါလာသော ဘတ်စကားတစ်စီးသည် ခရိုင်အတွင်းရှိ ပါနာမြစ်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကယ်ဆယ်ရေးသမားများအနေဖြင့် မြစ်အတွင်းမှ အလောင်းများကို ပြန်လည်ဆယ်ယူရရှိရန် ကြိုးပမ်းခဲ့ရာ ရုပ်အလောင်း ၁၇ လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဒေသအတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ဆေးရုံသို့အသွား လမ်းတွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ရကြောင်း၊ ဆေးရုံသို့ ကုသမှုခံယူရန် ရောက်ရှိသွားသူများအနက် အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရ၍ သေဆုံးသူဦးရေမှာ ထပ်မံမြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
khitlunge

No comments:
Post a Comment