ဗြိတိန်နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်ပြီးရေကြီး
ဗြိတိန်နိုင်ငံတစ်ဝန်း
မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ၃၀၀ ကျော်
ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရထားပြေးဆွဲမှုများ အဟန့်အတား ဖြစ်ခဲ့ရကြောင်း
စက်တင်ဘာ ၂၆ ရက်က အင်တာနက် သတင်းများတွင် ဖော်ပြသည်။ အဆိုပါ
ရေကြီးမှုကြောင့် လူပေါင်းရာနှင့်ချီ၍ ရေဘေးဒုက္ခကြုံနေကြရကြောင်း၊
၎င်းရေကြီးမှုသည် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း
ဗြိတိန်မိုးလေ၀သဌာနက ပြောကြားသည်။ အင်္ဂလန်အရှေ့မြောက်ပိုင်း
ကမ်းရိုးတန်းအနီး မိုးရေချိန် စံချိန်တင် မြင့်တက်စွာ ရွာသွန်းခဲ့ကြောင်း၊
ရေကြီးမှုကြောင့် ပို့ဆောင်ရေးစနစ် ကမောက်ကမဖြစ်ပြီး မော်တော်ယာဉ် အစီး ၁၀၀
ကျော် ပိတ်မိနေခဲ့ကြောင်း သိရသည်။
khitlunge
No comments:
Post a Comment