Sunday, September 30, 2012

ဗီလာ နှင့် ဖာဘရီဂတ်စ်တို့ နှစ်ဦးကို ချီးကျူးပြောဆိုခဲ့သည့် ဗီလာနိုဗာ

ဗီလာနိုဗာမှ ချီးကျူးခဲ့သည့် ဖာဘရီဂတ်စ်
ဘာစီလိုနာ နည်းပြ ဗီလာနိုဗာသည် ဆီဗီးလား အသင်းအား (၃-၂)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်မှ ဒေးဗစ်ဗီလာ နှင့် ဖာဘရီဂတ်စ်တို့၏ ခြေစွမ်းအပေါ် လွန်စွာမှ အားရကျေနပ်နေကြောင်း သိရသည်။
ဘာစီလိုနာ အသင်းသည် အဆိုပါ ပွဲစဉ်တွင် ဆီဗီးလား အသင်း၏ သွင်းဂိုး (၂)ဂိုးကို ခွင့်ပြုခဲ့ရပြီး ယခုနှစ် ရာသီ၏ ပထမဆုံး ရှုံးပွဲနှင့် တွေ့ဆုံရန် နီးစပ်ခဲ့သော်လည်း ဖာဘရီဂတ်စ် နှင့် ဗီလာတို့၏ ခြေစွမ်းပြ ဂိုးသွင်းယူမှုနှင့် အတူ နာကျင် အချိန်ပိုတွင် နိုင်ပွဲဖန်းတီးနိုင်ခဲ့သည်။
ဗီလာနိုဗာမှ “ဗီလာက အသက်ကယ်ခဲ့တဲ့ သူပါ။ သူဟာ ဒီလိုဂိုးတွေ သွင်းဖို့ အရမ်းကို ကျင့်သားရနေတဲ့ သူပါ။ ဆက်ခ်ကလည်း တစ်ပွဲလုံး ပြေးလွှားနေပြီး အရမ်းကို အဆင့်မြင့်မြင့် ကစားခဲ့ပါတယ်။ သူဟာ တစ်ပွဲပြီး တစ်ပွဲ ကောင်းသထက် ကောင်းလာတာကို ပြသနေပါတယ်”ဟု ဖာဘရီဂတ်စ် နှင့် ဗီလာတို့ နှစ်ဦးအား ချီးကျူး ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment