Sunday, September 30, 2012

မြန်မာ့ဆက်သွယ်ရေး၏ ညံဖျင်းလှသော ကြိုးဖုန်းဝန်ဆောင်မှု


၂၀၀၉-ခုနှစ်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှကြိုးဖုန်းတစ်လုံးဝယ်ယူခဲ့ရာထိုစဉ်က နှစ်ဆယ့်တစ်သိန်းကျပ်
 ပေးရပါသည်။စတင်အသုံးပြုသည့် အချိန်မှ စ၍

ယနေ့တိုင်အောင် အခွန်ငွေတောင်းခံလွှာ လာပို့ခြင်း အလျှင်း မရှိခဲ့ပါ။

သုံးစွဲသူကသာ အခွန်ငွေ သွားမဆောင်လျှင် ဖုန်းလိုင်းပိတ်ပစ်မှာ စိုး၍ မိမိသွင်းထားသော ငွေပမာဏ ဘယ်ရွေ့ဘယ်မျှလောက် ကျန်ဦးမလဲ ဟု မှန်းဆပြီး သွားရောက်ပေးဆောင်ခဲ့ရပါသည်။

၂၇၊၇၊၂၀၁၂ နေ့က အခွန်ငွေ တစ်သောင်း သွားရောက်ပေးဆောင်ခဲ့ပါသည်။ထိုအချိန်က လက်ကျန်ငွေ ၅၉၆၄-ကျပ် ကျန်နေသေးသဖြင့် ထပ်သွင်းငွေတစ်သောင်းနှင့် ပေါင်းပါက ၁၅၉၆၄-ကျပ် ဖြစ်၍ မကုန်လောက်သေးဘူး ထင်ပြီး ငွေထပ်မသွင်းပဲ နေခဲ့ရာ၊ ၂၈၊၉၊၂၀၁၂ နေ့တွင် ဘာမှ အကြောင်းကြားအသိပေးခြင်းမရှိဘဲ ဖုန်းလိုင်းကို ပိတ်ပစ်ခဲ့ပါသည်။

သို့ဖြစ်၍၂၉၊၉၊၂၀၁၂(မနေ့က)ဆက်သွယ်ရေးရုံးသို့သွားရောက်ပြီး မေးမြန်းစုံးစမ်းရာ ပေးသွင်းထားသည့်ငွေ ကုန်သွားသည့်အပြင်အကြွေး ၇၀၀၀-ကျော်လောက်ရှိနေ၍ ဖုန်းလိုင်းပိတ်ထားကြောင်း သိရသဖြင့်
 ငွေ-၃၀၀၀၀ိ-ကျပ် ထပ်မံ ပေးသွင်းခဲ့ပါသည်။ ဖုန်းလိုင်းကို ဘယ်တော့ ပြန်ဖွင့်ပေး
မလဲ မေးမြန်းရာ မနက်ဖြန် (ယနေ့) ပြန်ဖွင့်ပေးမည် ဟု ပြောပါသည်။

ယခုအချိန်ထိ ပြန်ဖွင့်ပေးခြင်းမရှိ၍တခြားဖုန်းဖြင့်ဆက်ပြီး မေးမြန်းကြည့်ရာတနင်္လာနေ့လောက်မှ ပြန်ဖွင့်ပေး
မည် ဟု ပြောပြန်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြိုးဖုန်းဝန်ဆောင်မှုတွင်
 ၁။ သုံးစွဲသူထံသို့ ငွေတောင်းခံလွှာ ပေးပို့ခြင်း၊ ဖုန်းဖြင့် အကြောင်းကြားခြင်း လုံးဝမရှိသဖြင့် လက်ကျန်ငွေ ဘယ်လောက်ကျန်သေးသည်ကို သုံးစွဲသူဘက်ကမသိရခြင်း

၂။ထိုသို့မသိရသဖြင့်သုံးစွဲသူဘက်ကလက်ကျန်ငွေရှိသေးသည့်အထင်ဖြင့်ဆက်သုံးစွဲရာ နောက်ဆုံး ငွေကုန်
သွားချိန်တွင် ဖုန်းဖြင့်သော်လည်းကောင်းစာဖြင့်သော်လည်းကောင်း တစုံတရာ အသိပေးခြင်း မရှိဘဲ ရုတ်တရက် ဖုန်းလိုင်းကို ဖြတ်တောက်ပစ်ခြင်း

၃။ သုံးစွဲသူဘက်က  ဖြည့်သွင်းရမည့်ငွေကို အမြန်ဆုံး ဖြည့်သွင်းပေးသည့်တိုင်အောင် ဖုန်းလိုင်းကို ချက်ချင်း ပြန်ဖွင့်မပေးခြင်း ဟူသော အားနည်းချက် ညံ့ဖျင်းချက်များကို တွေ့ရမည် ဖြစ်ပါသည်။
သုံးစွဲသူအနေဖြင့်ကြိုးဖုန်းကိုတန်းဖိုးကြီးကြီးပေးပြီးဝယ်ယူထားခြင်းမှာအရေးတကြီးကိစ္စများ ပေါ်ပေါက်လာ
ပါက အဆင်ပြေစေရန် ဖြစ်သော်လည်း ယခုလို မြန်မာဆက်သွယ်ရေး၏ ညံ့ဖျင်းလှသော ၀န်ဆောင်မှုများအတွက်တော့ အလွန်ကို စိတ်ညစ်နေရပါသည်။

မောင်သစ္စာ 
 ရွှေမြန်မာမီဒီယာဂရု

No comments:

Post a Comment