Friday, September 21, 2012

ပွဲဦးထွက်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင် ခဲ့သော်လည်း အသင်းအနိုင်မရ၍ မကျေမနပ်ဖြစ်နေသည့် အော်စကာ

ချန်ပီယံလိဂ် ပွဲဦးထွက်တွင် နှစ်ဂိုးသွင်းယူနိုင် ခဲ့သည့် အော်စကာ
အော်စကာသည် ယင်း၏ အသင်းသစ် ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ပွဲထွက် ကစားခွင့်ရခဲ့သည့် ဥရောပ ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင် ခဲ့သည့်အတွက် ပျော်ရွှင်နေပြီး အိပ်မက်များ တကယ်ဖြစ်လာ ခဲ့ပြီဟု ဖော်ပြပြောဆိုခဲ့သော်လည်း ဂျူဗင်တပ် အသင်းကို အနိုင်ကစားနိုင်ခဲ့ခြင်း မရှိသည့် အတွက် ကျေနပ်မှု မရှိကြောင်း ပြောကြားခဲ့သည်။
အော်စကာသည် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းက ဘရာဇီး ကလပ် အင်တာနေစီယွန်နယ် အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်း ၀န်းကျင်ဖြင့် ချယ်လ်ဆီး အသင်းသို့ ရောက်ရှိလာသူ ဖြစ်သော်လည်း နည်းပြ ဒီမက်တီယို၏ ဦးစားပေးခြင်းကို ခံရခြင်း မရှိပဲ ပွဲကစားခွင့် အနည်းငယ်သာ ရရှိခဲ့သည်။
သို့သော်လည်း အော်စကာသည် ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် ဂျူဗင်တပ် အသင်းနှင့် ပွဲစဉ်တွင် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင် ခဲ့သည်။
အော်စကာမှ “ကျွန်တော်ရဲ့ ပွဲဦးထွက် ပွဲစဉ်မှာပဲ နှစ်ဂိုးသွင်းယူနိုင် ခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ် ဒါပေမယ့် အသင်းသာ အနိုင်ရခဲ့မယ်ဆိုရင် ခုထက်ပိုပျော်မိမှာပါ”ဟု ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment