ကမ္ဘောဒီးယား၌ ရေလွှမ်းမိုးမှုကြောင့် လူ ၃၀၀၀ ခန့် ရွှေ့ပြောင်း လျက်ရှိ
ထိုင်းနိုင်ငံနှင့်
နယ်နိမိတ်ချင်း ထိစပ်နေသော ကမ္ဘောဒီးယားနိုင်ငံ ဘန်ဆာမန်ချေပြည်နယ်ရှိ
မိသားစုဝင် ၃၀၀၀ ခန့်သည် ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရပြီး သဘာဝဘေးမှ
လွတ်မြောက်ရန် ကုန်းမြင့် အရပ်ဒေသများသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း၊
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့တွင် မကြာသေးမီ ရက်သတ္တပတ်အတွင်းက
မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ရေလွှမ်းမိုးခဲ့ရကြောင်း၊ ကယ်ဆယ်ရေး
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်
ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံ
ရေလွှမ်းမိုးမှုဖြစ်ပွားရာ ပြည်နယ်များတွင် ဆန်စပါး စိုက်ပျိုးခင်း ဟက်တာ ၅၀၀
ခန့်နှင့် ပီလောပီနံ စိုက်ခင်းဟက်တာ ၁၂၀၀ ပျက်စီးခဲ့ရသည်။
khitlunge
No comments:
Post a Comment