Friday, September 28, 2012

လူငယ်ကစားသမားများအား ကြိုးစားရန် တိုက်တွန်းခဲ့သည့် ကာရေဂါ

လူငယ် ကစားသမားများအား ကြိုးစားရန် တိုက်တွန်းခဲ့သည့် ကာရေဂါ
လီဗာပူးလ် အသင်း၏ နောက်တန်း ကစားသမား ကာရေဂါမှ အသင်း၏ လူငယ် ကစားသမားများအား မိမိတို့၏ နေရာရရှိရန် အတွက် ပိုမို ကြိုးစားကြရန် တိုက်တွန်း ပြောဆိုခဲ့သည်။
အသက် (၃၄)နှစ် အရွယ်ရှိ ကာရေဂါသည် ၀က်စ်ဘရွန်း အသင်းအား (၂-၁)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် လူငယ် ကစားသမား ဦးဆောင်ခဲ့သူ ဖြစ်ပြီး ယင်းမှ အသင်း၏ လူငယ် ကစားသမားများသာ ကြိုးစားပါက နည်းပြ ရော်ဂျာ၏ လက်ထက်တွင် အသင်းမှာ အောင်မြင်သော အသင်းဖြစ်လာမည်ဟု ယုံကြည်နေကြောင်း သိရသည်။
“လူတော်တော်များများက ဗုဒ္ဓဟူးနေ့ညက အသင်းရဲ့ လူစာရင်းကို ကြည့်ပြီးတဲ့အခါမှာ ခက်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လိမ့်မယ်လို့ ထင်ကြလိမ့်မယ်လို့ ကျွန်တော် သေချာပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း လူငယ် ကစားသမားတွေက သူတို့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်တွေကြောင့် အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာ သူတို့က ပုံမှန် ကစားခွင့်ရဖို့ အတွက် ကြိုးစားဖို့နဲ့ စွမ်းဆောင်ရည် ကောင်းမွန်ကြောင်း သက်သေပြဖို့ပဲ လိုပါတော့တယ်”ဟု ကာရေဂါမှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment