Friday, September 28, 2012

တရုတ်တောင်ပိုင်း၌ ဓာတုဗေဒစက်ရုံပေါက်ကွဲ


တရုတ်နိုင်ငံတောင်ပိုင်း၌ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာ ၂၇ ရက်က ဓာတုဗေဒ စက်ရုံတစ်ရုံ ပါက်ကွဲမှုဖြစ်ပွားရာ အလုပ်သမားနှစ်ဦးသေဆုံးပြီး အခြားခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါ ပေါက်ကွဲမှုသည် ဟီချီမြို့ ဟီချီဓာတုဗေဒ စက်မှုလုပ်ငန်းအုပ်စု ကုမ္ပဏီပိုင် သန့်စင်ခြင်း အလုပ်ရုံတစ်ရုံ၌ ယင်းနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခြားအနည်းငယ် ထိခိုက်ဒဏ်ရာရသူ အရေအတွက် မည်မျှရှိသည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ၄င်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ သို့သော်လည်း ကနဦးစုံစမ်းစစ်ဆေးချက်များအရ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီသည် တရုတ်အမျိုးသား ဓာတုဗေဒဆိုင်ရာ ကော်ပိုရေးရှင်းပိုင် ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။
khitlunge

No comments:

Post a Comment