Wednesday, September 19, 2012

အစ်စ်ကို - မာလာဂါ နဲ့ ကျွန်တော့် အတွက် ပြီးပြည့်စုံတဲ့ ပွဲစဉ်ပါ

ဇင်းနစ်အသင်းအား အနိုင်ရခဲ့သည့် အတွက် ပျော်ရွှင်နေသည့် အစ်စ်ကို
စပိန် ကွင်းလယ် ဖန်တီးရှင် အစ်စ်ကိုသည် ဇင်နစ် အသင်းအား ဂိုးပြတ်အနိုင် ခဲ့သည့် ပွဲစဉ်ပြီးနောက် ဂုဏ်ယူဝင့်ကြွား နေပြီး ယင်းပွဲစဉ်မှာ ယင်းနှင့် ယင်း၏ အသင်းအတွက် ပြီးပြည့်စုံသည့် ပွဲစဉ်တစ်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အစ်စ်ကိုသည် အဆိုပါ ပွဲစဉ်တွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူ ခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၏ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
“ဒီပွဲက ကျွန်တော် အတွက်နဲ့ တစ်သင်းသားလုံး အတွက် ပြီးပြည့်စုံတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ နည်းပြက ကျွန်တော်တို့ကို ယုံကြည်မှုတွေ များစွာ ပေးခဲ့ပါတယ်။ ဒီအသင်းဟာ စုစည်းညီညာမှု ရှိနေပါပြီ ဒါဟာ နိုင်ပွဲတွေ အတွက် အဓိက အချက်ဖြစ်ပါတယ်”ဟု အစ်စ်ကိုမှ ပြောကြားခဲ့သည်။
မာလာဂါ အသင်း၏ နည်းပြ ဖြစ်သူ ပယ်လီဂရီနီကလည်း ယခုလို ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သည့် အတွက် အသင်း၏ ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment