အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံ
အရှေ့ဘက် မိုလက်ကာကျွန်းပေါ်ရှိ ဂါမာလာမီးတောင်သည် လွန်ခဲ့သည့်
သီတင်းပတ်အကုန်မှစ၍ ပြာမှုန်များကို မှုတ်ထုတ်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက်က
အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းမီးတောင်သည်
လွန်ခဲ့သည့် ရက်သတ္တပတ်က အသက်ဝင်လာပြီးနောက် နှစ်ကြိမ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့်
မီးတောင်ချော်ရည်များ ကျဆင်းလာကြောင်းနှင့် မီးတောင်ပြာများသည် အမြင့်
တစ်ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး ရွာများမှာ မီးလောင်ပြာများနှင့်
ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ် နှောင်းပိုင်းတွင်လည်း
အဆိုပါ မီးတောင်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ချော်ရည်များ
ကျဆင်းလာမှုကြောင့် ရွာသားလေးဦး သေဆုံးခဲ့ကြာင်း သိရသည်။
khitlunge
No comments:
Post a Comment