Saturday, September 22, 2012
အမေရိကန်သမ္မတ အိုဘားမား အာဖဂန်သို့ တပ်ဖွဲ့ဝင် ၃၃၀၀၀ ထပ်မံစေလွှတ်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင် ၃၃၀၀၀ ထပ်မံ၍ စေလွှတ်ခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်က အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ တပ်ဖွဲ့ဝင်အရေအတွက်မှာ လွန်ခဲ့သော သုံးနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားသည့် အရေအတွက်ထက် ပိုများကြောင်း ပငတဂွန်က ပြောကြားသည်။ တာလီဘန်တို့၏ တိုက်ခိုက်မှုကို တွန်းလှန်ချေမှုန်းရန်အတွက် လည်းကောင်း၊ အာဖဂန် အစိုးရတပ်များ နိုင်ငံ၏ လုံခြုံရေးကို ထိရောက်စွာ တာဝန်ယူနိုင်ရန်အတွက် လည်းကောင်း ၄င်းတို့အား စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က ကြေညာသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၆၈၀၀၀ ခန့်ရှိနေရာ ယင်းတို့အား အာဖဂန်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက အတွင်းလူများအဖြစ် တိုက်ခိုက်လျက်ရှိကြောင်း ပင်တဂွန်က ဆိုသည်။
khitlunge

No comments:
Post a Comment