Saturday, September 22, 2012

အာဆင်နယ်နှင့် ပွဲစဉ်တွင် ပြန်လည် ကစားနိုင်ရန် ရှိနေသည့် ကာရိုး

ပြန်လည် ကစားနိုင်ရန် နီးစပ်နေသည့် ကာရိုး
ပေါင်ခြံဒဏ်ရာကြောင့် ဘောလုံးကစားခြင်းမှ အနားယူနေရသည့် ၀က်စ်ဟမ်း တိုက်စစ်မှူး ကာရိုးသည် အောက်တိုဘာလ (၆) ရက်နေ့တွင် ကစားရမည့် အာဆင်နယ် အသင်းနှင့် ပွဲစဉ်တွင် ပြန်လည် ကစားနိုင်ရန် ရှိနေကြောင်း သိရသည်။
ကာရိုးသည် ၀က်စ်ဟမ်း အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားပေးခဲ့သည့် ပွဲစဉ်မှာပင် ဒဏ်ရာရှိခဲ့ပြီး (၆) ပတ်ခန့် အနားယူရရန် ရှိနေသူ ဖြစ်သည်။ သို့သော်လည်း ၀က်စ်ဟမ်း အသင်း၏ နည်းပြ အလာဒိုက်စ်သည် ကာရိုး ပြန်ကစားနိုင်ပြီး တစ်ပတ် အကြာမှာပင် ကစားရန် ရှိနေသည့် အင်္ဂလန် အသင်း၏ လူစာရင်းတွင်း ယင်းအား ခေါ်ယူမည်ကို စိုးရိမ်နေကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment