Saturday, September 22, 2012

ဂျိုနသန်အပေါ် တစ်သင်းလုံးက အပြည့်အ၀ ယုံကြည်နေဆဲဟု ဇနက်တီဖွင့်ဟ

ဂျိုနသန် အပေါ် အပြည့်အ၀ ယုံကြည်နေသည့် ဇနက်တီ
အင်တာမီလန် အသင်းသည် အသင်း၏ တောင်ပံခံစစ် ကစားသမား ဂျိုနသန် အပေါ် ယုံကြည်မှု အပြည့်အ၀ ရှိနေဆဲ ဖြစ်ကြောင်း ဇနက်တီမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
အသက် (၂၆)နှစ် အရွယ်ရှိ ဂျိုနသန်သည် မန်စီးတီး အသင်းသို့ မိုင်ကွန် ပြောင်းရွှေ့သွားခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီတွင် အသင်းနှင့် အတူ ပွဲစဉ်တိုင်းတွင် ပါဝင် ကစားခွင့် ရခဲ့သော်လည်း ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသူ ဖြစ်သည်။
ဂျိုနသန်သည် ယမန်နေ့ညက ကစားခဲ့သည့် ရူဘင်ကာဇန်အသင်းနှင့် ယူရိုပါလိဂ် ပွဲစဉ်တွင် လူစားလဲခြင်း ခံခဲ့ရသော်လည်း ဇနက်တီမှ ယင်း၏ နောက်တွင် အသင်းဖော်များ နှင့် အသင်းကိုယ်တိုင်မှ ထောက်ခံမှု ပေးထားဆဲ ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။
“ဂျိုနသန်လား? ကျွန်တော်တို့ သူ့အပေါ်မှာ အပြည့်အ၀ ယုံကြည်နေဆဲပဲလို့ ကွင်းထဲမှာ ကျွန်တော်သူတို့ကို ပြောခဲ့ပါတယ်။ သူ့လို လေ့ကျင့်ရေးကွင်းမှာ အာရုံစိုက် ကြိုးစားနေတဲ့ သူမျိုးဟာ နေရာပေးဖို့ တကယ့်ကို ထိုက်တန်တဲ့သူပါ”ဟု ဇနက်တီမှ အင်တာရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။
ဂျိုနသန်သည် (၂၀၁၁) နွေရာသီ အပြောင်းအရွှေ့ ကာလတွင် အင်တာမီလန် အသင်းသို့ ဆန်းတို့စ်မှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သော်လည်း အသင်း၏ မျှော်လင့်ချက်နှင့် ကိုက်ညီရန် အတွက် ကြိုးစားကစားရန် လိုအပ်နေသေးသူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment