Saturday, September 22, 2012

ဆိုမာလီ၌ စားသောက်ဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ


ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်၌ ဗုံးနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်က အင်တာနက်သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်ပွားမှုသည် ဆိုမာလီသမ္မတ အိမ်တော်အနီးရှိ အစိုးရ၀န်ထမ်းများနှင့် သတင်းစာသမားများ လာရောက်လေ့ရှိသည့် စားသောက်ဆိုင် တစ်ဆိုင်အတွင်း စက်တင်ဘာ ၂၀ ရက်က ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းဗုံးခွဲ တိုက်ခိုက်မှုသည် အယ်လ်ရှာဘတ် အကြမ်းဖက်အုပ်စုများကို ထောက်ခံသူများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment