Friday, September 14, 2012
အာဖဂန်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရ
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်အနီး ပါဝမ်ပြည်နယ်ရှိ အမေရိကန်စစ်တပ်၏ ဘာဂရန်လေတပ် အခြေစိုက် စခန်းကို စက်တင်ဘာ ၁၁ ရက်ညပိုင်းက တာလီဘန် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အာဖဂန် ထောက်လှမ်းရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နေတိုးတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် နေတိုးတပ်ဖွဲ့ပိုင် Chinook ရဟတ်ယာဉ်တစ်စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အာဖဂန်နစ္စတန် တွင် နေတိုးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ တည်ရှိသော်လည်း မကြာသေးမီကာလမှစ၍ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်သို့ ၂၀၀၁ ခုနှစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တာလီဘန်အစိုးကို ဖြုတ်ချခဲ့သည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်ပြီး မကြာမီနိုင်ငံ တစ်ဝန်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများမြှင့်တက်လာခဲ့သည်ဟု သိရသည်။
khitlunge

No comments:
Post a Comment