Friday, September 14, 2012

Maps ၊ Earth တို့အတွက် ရုပ်ထွက်မြင့် ပုံများကို Google က update ပြုလုပ်နေ


ထိပ်တန်း search engine တစ် ခုဖြစ်သော Google သည် ၄င်းတို့၏ တည်နေရာပြ ဝန်ဆောင်မှုများ ဖြစ်သည့် Google Maps နှင့်Google Earth တို့တွင် ဝေဟင်မြင်ကွင်းပုံ များပြသမှုနှင့် ကမ္ဘာ တစ်ဝန်းလုံးမှ အထင်ကရတည်နေရာပုံများကိုပြ သပေးရာ၌ ပိုမိုကောင်းမွန်သော ရုပ်ထွက်ရရှိစေရန် update ပြုလုပ် ပေးနေကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုနှင့်ပတ် သက်သည့်Google ၏ကြေညာချက် တွင် ၄င်းတို့အနေဖြင့် ဝေဟင်မှ မြင်ရသည့်ပုံများနှင့် satellite မှ မြင် ရသည့်ပုံများကို ရုပ်ထွက်ပိုမိုကောင်း မွန်စေရန်အတွက် high-resolution စနစ်ကိုတိုးမြှင့်ပံ့ပိုးပေးထားပြီး အ ဆိုပါရုပ်ပုံများကိုGoogle Maps နှင့် Google Earth တို့နှစ်ခုစလုံး၌ကြည့် ရှုနိုင်ပြီဟု ဆိုထားသည်။
ဝေဟင်မြင်ကွင်းစုဆောင်းမှု များကို အမေရိကန်နှင့် ဥရောပအပါအဝင် တည်နေရာပေါင်း ၂၀ ကျော်ကို ရုပ်ထွက်ကောင်းမွန်မှုရှိ စေရန်အဆင့်မြှင့်တင်ပေးမှုပြုလုပ် မည်ဖြစ်ပြီးsatellite ရုပ်ပုံများကိုမူ ကမ္ဘာတစ်ဝန်းလုံးရှိ ဒေသပေါင်း ၆၀ကျော်အတွင်း မြှင့်တင်ပေးမည် ဖြစ်သည်။
ထို့အပြင် ရုပ်ပုံစုဆောင်း ပေးမှု စနစ်သည် အမေရိကန်၊ ပြင်သစ်၊ စပိန်တို့ရှိ မြို့သစ်ပေါင်း ၃၀ကျော်ကို Google Maps တွင်45 degree ရုပ်ပုံသစ်များ အဖြစ်ပါထည့် သွင်းပေးဦးမည် ဖြစ်သည်။ Google Maps blog မှတစ်ဆင့်Google မြေ ပြင် အချက်အလက် မဟာ ဗျူဟာရှင် ဖြစ်သူEric Kolb ကပြောကြားရာ တွင် အဓိကဖြည့်စွက်တည်နေရာ များတွင် ဘေ့စ်ဘောအားကစား ကွင်းမှ ဘာသာရေးအဆောက်အ အုံများအထိပါဝင်ပြီး Maps နှင့်Earth တို့မည်မျှပိုမိုကောင်းမွန်ကာအသေး စိတ်ကျလာခြင်းကို ထောက်ပြ လိုက်ခြင်းပင်ဖြစ်သည်။
Net Guide Journal

No comments:

Post a Comment