Thursday, September 27, 2012

မြန်မာအကြွေးများ ပြန်ဆပ်နိုင်အောင် ကမ္ဘာ့ဘဏ် ကူညီမည်


မြန်မာ နိုင်ငံက တင်ကျန်နေတဲ့ ကြွေးမြီး ဒေါ်လာ သန်းပေါင်း ၉၀၀ ကို ပြန်ဆပ်နိုင်အောင်လို့ ကမ္ဘာ့ဘဏ်က ကူညီပေးမယ်လို့ သိရပါတယ်။ ဗီယက်နမ်မှာ ပြုလုပ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အစည်းအဝေး တစ်ခုက ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မြန်မာနိုင်ငံကို ပုဂ္ဂလိကဘဏ်တွေကနေ နောက်ထပ် ငွေချေးနိုင်အောင် တင်ကျန်နေတဲ့ ကြွေးမြီးတွေကို ကူညီဆပ်ပေးဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒီဘဏ်ကြီး ၂ ခုကနေ အတိုးနည်းတဲ့ ချေးငွေတွေ ချေးပေးပြီး အကြွေးတွေကို ပြန်ဆပ်နိုင်တဲ့ နည်းလမ်းနဲ့ ကူညီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံကို ယန်းငွေ ဘီလီယံ ၅၀၀ အထိ တင်နေပြီး ပြီးခဲ့တဲ့ ဧပြီလက ဂျပန်နိုင်ငံ ယန်းငွေဘီလီယံ ၃၀၀ ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ကို သန်းပေါင်း ၄၀၀ အာရှဖွံ့ဖြိုးရေးဘဏ်ကို သန်းပေါင်း ၅၀၀ အကြွေးတင်နေပါတယ်။
မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံရေးတွေကို နိုင်ငံအများစုက လိုလားနေပြီး ဂျပန်နိုင်ငံကတော့ ကြွေးမြီးအများဆုံး တင်ခံနေရတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ချေးငွေအခြေအနေ ပြန်လည် လှုပ်ရှားနိုင်အောင် အမြန်ဆုံး လိုလားနေတဲ့ နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။
SHADE Journal

No comments:

Post a Comment