ပြင်သစ်၌ ၁၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်လာ
ပြင်သစ်နိုင်ငံ၏
အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် သြဂုတ်လက လူဦးရေ သုံးသန်းခန့်
အထိရှိခဲ့ရာ ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ပြင်သစ်အရာရှိများက
စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အလုပ်လက်မဲ့နှုန်း အခြေအနေသည်
ဆိုးရွားသော အနေအထားသို့ ရောက်ရှိနေပြီး ဆက်လက် တိုးမြင့်ဖွယ်ရှိကြောင်း
ပြင်သစ် အလုပ်သမားရေးရာ ၀န်ကြီး မစ်ချယ်ဆာပင်းက ပြင်သစ်ရုပ်မြင်သံကြားမှ
ထုတ်ဖော်ပြောကြားသည်။ ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ
တစ်လတည်း၌ပင် အလုပ်လက်မဲ့ဦးရေ ၄၁၃၀၀ ကျော်ရှိခဲ့သည်။ ထို့ကြောင့်
ပြီးခဲ့သည့် ဇွန်လက တစ်နိုင်ငံလုံး အလုပ်လက်မဲ့ ၂ ဒသမ ၉၈၇ သန်း ရှိခဲ့ရာမှ
သြဂုတ်လကုန်တွင် အလုပ်လက်မဲ့နှုန်း သုံးသန်းခန့်အထိ ရှိလာခဲ့ခြင်းဖြစ်သည်။
khitlunge
No comments:
Post a Comment