Thursday, September 13, 2012
ပါကစ္စတန်၌ သုံးရက်အတွင်း ရေလွှမ်းမှုကြောင့် ၁၀၀ ကျော်သေဆုံး
ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် သုံးရက်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ရေလွှမ်းမှုများကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်က စတင်ပြီး မုတ်သုံမိုးများ သည်းထန်စွာ ရွာသွန်း သဖြင့် နေအိမ် ၁၆၀၀ ကျော် ပျက်စီးခဲ့သည်။ ထိုအတောအတွင်း ရေလွှမ်းမှုကြောင့် နေအိမ် ၅၀၀၀ ထပ်မံ ပျက်စီးခဲ့သည်။ သေဆုံးသူ အများစုမှာ နေအိမ်ပြိုကျမှုနှင့် ရေလွှမ်းမှုများကြောင့် ဖြစ်သည်။ နောက်ထပ်နှစ်ရက်အတွင်း မိုးပိုမိုရွာသွန်းနိုင်ပြီး သေဆုံးသူများ ထပ်တိုးလာနိုင်သည်ဟု ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံကွပ်ကဲရေးဌာနမှ အရာရှိ ဇာဖာကာဒါက သတင်းထုတ်ပြန်ချက် တစ်ရပ်သို့ ပြောကြားသည်။ အဆိုးရွားဆုံး ရေဘေးဒုက္ခခံရသော ဒေသ များဖြစ်သည့် ခိုင်ဘာပထန် ပြည်နယ်တွင် ၃၂ ဦးသေဆုံးပြီး ပါကစ္စတန်-ကတ်ရှ်မီးယားဒေသတွင် ၃၁ ဦး သေဆုံးခဲ့ သည်။ ကတ်ရှ်မီးယား၊ ပန်ဂျပ်၊ ခိုင်ဘာပထန်၊ ဘလူချီစတန်နှင့် ဆင့်ဟီပြည်နယ်တို့တွင် ကယ်ဆယ်ရေးများ ပူးပေါင်း ဆောင်ရွက်ရန် ယင်းဒေသများရှိ အစိုးရတပ်ဖွဲ့ဝင်များကို ခေါ်ထားသည်ဟု ဆိုသည်။
khitlunge

No comments:
Post a Comment