အမေရိကန် ဦးဆောင်ပြီး ဥရောပ ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် ပတ်သက်၍ အမေရိကန်နှင့် ရုရှားတို့ ပူးပေါင်း လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံ၏ ရပ်တည်ချက် မည်သို့ပင်ရှိစေ ဒုံးကျည် ကာကွယ်ရေးစနစ် အစီအစဉ်ကို ရှေ့တိုးလုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီမိုကရက်တစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်သည် အမေရိကန်နှင့် ဥရောပနိုင်ငံများအား
အီရန်ကဲ့သို့သော နိုင်ငံများမှ ဒုံးကျည် ခြိမ်းခြောက်မှုများကို
ကာကွယ်ရန်အတွက်သာ ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားခဲ့သည်။ ထို့အပြင်
အမေရိကန်အနေဖြင့် ပိုလန်၊ တူရကီနှင့် ရိုမေးနီးယားနိုင်ငံများတွင်
ဒုံခွင်းဒုံးစနစ်များ ဖြန့်ချသွားမည် ဖြစ်သည်။ သို့ရာတွင် အဆိုပါ
လုပ်ဆောင်ချက်များသည် စစ်အေးကာလ ပြိုင်ဆိုင်မှုများ အဖြစ်သို့
ဦးတည်သွားစေနိုင်ကြေင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက လွန်ခဲ့သောလတွင်
ပြောကြားခဲ့ကြောင်း သိရသည်။
ကြယ်စင်(လားရှိုး)
SHADE Journal


No comments:
Post a Comment