Friday, September 28, 2012

ဘာစီလိုနာအသင်းတွင် မည်သည့် ပြဿနာမှ မရှိဟု အယ်လ်ဘာဖွင့်ဟ

ဘာစီလိုနာ အသင်းတွင် အဆင်ပြေနေသည်ဟု ပြောကြားခဲ့သည့် အယ်လ်ဘာ
ဘာစီလိုနာ အသင်း၏ နောက်ခံလူ ဂျိုဒီအယ်လ်ဘာမှ ယင်းသည် အသင်းသစ်တွင် ရုန်းကန်နေရသည် ဆိုသော သုံးသပ် ပြောဆိုချက်များကို ငြင်းဆန်ခဲ့သည်။
အယ်လ်ဘာသည် ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ဗလင်စီယာ အသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာခဲ့သူပြီး အသင်းသစ်၏ အ၀တ်လဲခန်းတွင် ရှိနေသော ကောင်းမွန်တဲ့ ဆက်ဆံရေးများက ယင်းအား လျှင်မြန်စွာ အထိုင်ကျစေသည်ဟု ပြောကြားခဲ့သည်။
အယ်လ်ဘာမှ “ကျွန်တော့်ရဲ့ အပြောင်းအလဲ ကောင်းမွန်းပါတယ်။ ကျွန်တော်ဒီမှာ လူငယ် ကစားသမား ဘ၀နဲ့ အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ရတဲ့ အတွက် ကံကောင်းခဲ့ပါတယ် အဲဒါကပဲ ဒီအပြောင်းအလဲမှာ ကောင်းကောင်းမွန်မွန် ဖြစ်သွားအောင် ကူညီပေးခဲ့တာပါ”ဟု သတင်းစား ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
အယ်လ်ဘာမှ ဆက်လက်ပြီး အသင်း၏ နည်းပြ ဗီလာနိုဗာ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ချီးကျူးစကားများ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment