Friday, September 28, 2012

အာဖဂန်နစ္စတန်နိုင်ငံတွင် ကျောင်းသူ ၁၆ ဦး အဆိပ်မိ၍ ဆေးကုသမှုခံယူရ


အာဖဂန်နစ္စတန်နိုင်ငံတွင် ကျောင်းသူ ၁၆ ဦး နီးပါးအဆိပ်မိခဲ့ပြီးယခင်ကလည်းအလားတူဖြစ်ရပ်မျိုး ဖြစ်ပွား ခဲ့ဖူးကြောင်း စက်တင်ဘာ ၂၆ ရက်က အင်တာနက်သတင်းတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်ရပ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ အူမ်အူလ်ဘီနှင့် အထက်တန်းကျောင်းတွင် စက်တင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိပ်မိခဲ့သည့် ကျောင်းသူများကို ဆေးကုသမှုခံယူရန်အတွက် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အဆိပ်မိခဲ့သည့် ကျောင်းသူများ အနက် အများစုမှာ ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရခဲ့သော်လည်း အဆိပ်မိခဲ့သည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ၄င်းကထပ်မံပြောကြားသည်။
khitlunge

No comments:

Post a Comment