တောင်ဆူဒန်အစိုးရသည် နိုင်ငံ၏ကုလသမဂ္ဂဆိုင်ရာသံအမတ်ကိုပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခန့်အပ်
ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဆိုင်ရာ တောင်ဆူဒန်သံအမတ်အဖြစ်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးဟောင်း တစ်ဦးဖြစ်သူ
ဖရန်းစစ်ဒန်းကို အစိုးရက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ တောင်ဆူဒန်နိုင်ငံသည်
၂၀၀၅ ခုနှစ်က သတ်မှတ်ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းရေးစာချုပ်အရ
ပြီးခဲ့သည့်နှစ် ဇွန်လက ဆူဒန်နိုင်ငံမှ ခွဲထွက်ခဲ့ပြီး လွန်ခဲ့သော
ဆယ်စုနှစ်က ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံအတွင်း၌
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် နိုင်ငံအား
ပြန်လည်ထူထောင်မှုများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
khitlunge


No comments:
Post a Comment