အိန္ဒိယမြောက်ပိုင်း ဟိမ၀န္တာဒေသများ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးခံစားရနိုင်
အိန္ဒိယ
မြောက်ပိုင်းဒေသများနှင့် ဟိမ၀န္တာတောင်တန်းဒေသမျာသည်
ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံစားရဆုံး အိန္ဒိယဒေသများ
ဖြစ်လာလိမ့်မည်ဖြစ်ပြီး ပင်လယ်ရေပြင်ထက်စာလျှင် ကုန်းတွင်းပိုင်း၌
ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုများ
ပိုမိုကြီးမားလိမ့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက် သတင်းများတွင်
ဖော်ပြထားသည်။ အိန္ဒိယမုတ်သုံရာသီ၏ မိုးရေချိန်ပမာဏသည် ၂၀၈၀ ခုနှစ်တွင်
လက်ရှိအနေအထားထက် ၈ ဒသမ ၉ မှ ၁၈ ဒသမ ၆ ရာခိုင်နှုန်းအထိ
မြင့်တက်လာနိုင်ကြောင်း သိရသည်။ ဘ၀နေထိုင်ရေးအတွက်
စိုက်ပျိုးရေးလုပ်ငန်းအပေါ် အဓိက မှီခိုအားထားနေရသော
မဒရာပရာဒေ့ရှ်ပြည်နယ်နှင့် သြရိဿ ပြည်နယ်များမှ ပြည်သူများသည်
ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားရအလွယ်ကူဆုံးဖြစ်လာနိုင်ကြောင်း သိရသည်။
khitlunge
No comments:
Post a Comment