Saturday, September 29, 2012

ဥိးသိန်းစိန် မိသားစုအလှူငွေ


နိုင်ငံတော်သမ္မတ ဥိးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေချိန်မှာဘဲ သမ္မတရဲ့မိသားစုက စက်တင် ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်ရှိ ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူ ဦးစီးလုပ်ကိုင်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ကျပ်ငွေ ဆယ်သိန်းတိတိ လာရောက်လှုဒါန်းခဲ့တယ်လို့ ဦးကျော်သူက ပြောပါတယ်။ နာရေးကူညီမှုအသင်းကို အလှူငွေ လာရောက်လှူဒါန်းလိုကြောင်း သမ္မတကြီးဦးသိန်းစိန်ရဲ့ ရန်ကုန်နေအိမ်ကနေ ကြိုတင်အကြောင်းကြားခဲ့ပြီး တဲ့နောက် သမ္မတမိသားစုကိုယ်စား ဦးနွယ်ဦးဆိုသူက လာရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအလှုငွေကို သမ္မတ ကြီး ဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်း မိသားစုက လှူဒါန်းတာဖြစ်တယ်လို့ ဦးနွယ်ဦးက ပြောကြားခဲ့ပြိး နာရေးကူညီမှု အသင်းက ပြန်လည်ပေးအပ်တဲ့ အလှူရှင်မှတ်တမ်းဓာတ်ပုံကို ရိုက်ကူးသွားတယ်လို့ သိရပါတယ်။
moethihaaung blog

No comments:

Post a Comment